Lifestyle: ရယ်ချင်လား

Duwun ပရိသတ်တွေရဲ့ ဘဝအမောတွေ ခဏတာဖြစ်ဖြစ် ပြေပျောက်စေဖို့အတွက် ရယ်စရာလေးတွေပါ။

play

ထင်နေလား

ဗေဒင်ဆရာ - ခင်ဗျားမှာ သားသမီး ၃ ယောက်ရှိရမယ်။
ဗေဒင်မေးသူ - ဒါဆိုရင်တော့ ဆရာမှားသွားပြီ။ ကျွန်တော့်မှာ စုစုပေါင်း သားသမီး ၅ ယောက်ရှိတာဗျ။
ဗေဒင်ဆရာ - ဘာလဲ ... ခင်ဗျားက သူတို့အားလုံးရဲ့အဖေလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတယ်ပေါ့။

မပူပါဘူး

စားသုံးသူ - မောင်ရင် ... မင်း ဒီစွပ်ပြုတ်ကို သယ်လာတုန်းက မင်းလက်မ စွတ်ပြုတ်ပန်းကန်ထဲမှာ နစ်နေတာ ငါမြင်လိုက်တယ်။
စားပွဲထိုး - ကိစ္စမရှိပါဘူး ဆရာ ... စွတ်ပြုတ်က ပူမှမပူတာ။

အစားထိုးခြင်း

အမျိုးသား - အန်တီရဲ့ ခွေးကို ကျွန်တော် ကားနဲ့ကြိတ်မိတဲ့အတွက် ... ကျွန်တော် အစားပြန်ပေးပါ့မယ်။
အမျိုးသမီးကြီး - နေပါဦးကွယ် ... အစားထိုးပေးမယ်ဆိုတော့ ... မင်က ဟောင်တတ်လို့လား။

play

ဉာဏ်မမီသူ

သား - ဒယ်ဒီ ... ဉာဏ်မမီတဲ့သူဆိုတာ ဘယ်လိုလူမျိုးလဲ။
ဒယ်ဒီ - ဉာဏ်မမီတဲ့သူဆိုတာ ကိုယ်ပြောချင်တဲ့ ရှင်းပြချင်တဲ့ အရာတွေကို နားထောင်နေတဲ့သူကို သေသေချာချာ ရှင်းရှင်းလင်းလင်းသိအောင် မပြောဆိုနိုင်သူမျိုးပဲ။ သိပြီလား။
သား - မသိဘူး ... ဒယ်ဒီ။

မကြာစေနဲ့

မိန်းမ - မောင် ... ဒီနေ့ ရုံးပြန်လာတာ နောက်ကျလှချည်လား။ ဘယ်တွေ သဝေထိုးနေလို့လဲ။
ယောက်ျား - ရုံးကအပြန် ကားလမ်းကူးတာ ကားတိုက်မိလို့ပါ ... မိန်းမရာ။
မိန်းမ - အောင်မလေးတော် ... ကားတိုက်ခံရတာ ဒီလောက်တောင်ပဲ ကြာရလား။ အံ့သြပါရဲ့။

သွေးခုန်နှုန်း

ဆရာဝန် - ခင်ဗျား သွေးခုန်နှုန်းကို စမ်းကြည့်တာ နာရီလို အချိန်မှန်နေတာပဲ။
လူနာ - ဒေါက်တာက ကျွန်လက်ပတ်နာရီကို စမ်းကြည့်နေတာကိုးရှင့်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ