Lifestyle: သက်လတ်ပိုင်းမှ အလုပ်ပြောင်းမယ်ဆို စဉ်းစားသင့်တဲ့ အချက် (၅) ချက်

, updated

အလုပ်အတွေ့အကြုံ တော်တော်များများရှိထားပြီးမှ ပြောင်းတာကြောင့် လူငယ်တွေထက် အသားကျမြန်ပါတယ်။

play

 

၁ - မိသားစု

အလုပ်ပြောင်းရင် ပိုက်ဆံကုန်ပါမယ်။ ဒီကုန်ကျစရိတ်ကို သင်ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ ကုမ္ပဏီသစ်ရောက်သွားရင် အောက်ခြေက ပြန်စရမှာမျိုး ရှိပါတယ်။ စစခြင်းမှာ လက်ရှိရနေတဲ့ ငွေကြေးထက်တောင် နည်းနိုင်ပါတယ်။ မိသားစုထောက်ပံ့မှုရှိလားဆိုတာ စဉ်းစားရပါမယ်။ မိသားစုက သူ့ဘာသူ ရပ်တည်နိုင်တဲ့ အခြေအနေမျိုးရှိရင် အကောင်းဆုံးပါပဲ။ အလုပ်ပြောင်းမယ်ဆို အရင်ဆုံးတိုင်ပင်ရမှာ မိသားစုနဲ့ ဖြစ်ပါတယ်။

၂ - အသက်အရွယ်

သင်ကအလုပ်ပြောင်းတာဖြစ်ပြီး စစ်မျက်နှာသစ်ဖွင့်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင်ပြောင်းမယ့် အလုပ်အမျိုးအစားမှာ ပြိုင်ဆိုင်မှု ပြင်းလားဆိုတာလည်း သုံးသပ်ရပါမယ်။ အရေးကြီးဆုံးက တည်တည်ငြိမ်ငြိမ်နဲ့ အမြန်ဆုံး အသားကျဖို့ ဖြစ်ပါတယ်။

play

 

၃ - အကြောင်းအရင်း

အလုပ်အတွေ့အကြုံ တော်တော်များများရှိထားပြီးမှ ပြောင်းတာကြောင့် လူငယ်တွေထက် အသားကျမြန်ပါတယ်။ လက်ရှိအလုပ်ကို မကျေနပ်တာထက် ပြောင်းမယ့်အလုပ်က အခွင့်အလမ်းပိုများပြီး ပိုကျေနပ်စရာကောင်းမှ ပြောင်းသင့်ပါတယ်။ သက်လတ်ပိုင်းရောက်တဲ့ထိ အလုပ်တွေ ခဏခဏ ပြောင်းနေတယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့လိုပါပြီ။ ငွေကြေးတစ်ခုတည်းကိုပဲကြည့်ပြီး ပြောင်းတာမျိုး ရှောင်သင့်ပါတယ်။

၎ - လိုအပ်ချက်

ပြောင်းတဲ့အလုပ်ဟာ တတ်ကျွမ်းမှုအသစ်တစ်ခုကို လေ့လာဖို့ လိုနေလား စဉ်းစားပါ။ သင်တန်းပြန်တက်ရမှာမျိုး ၊ မေ့နေတာတွေ ပြန်လေ့လာရမှာမျိုးရှိလား သုံးသပ်ပါ။ အသစ်တစ်ခုလေ့လာဖို့ မလိုဘဲ လက်ရှိကျွမ်းကျင်မှုနဲ့ ပြောင်းလို့ရမယ့် အလုပ်ကို အချိန်ပေးရှာတာ အကောင်းဆုံးပါပဲ။

Photos & Source: about.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ