Lifestyle: အလုပ်မှာ သင် သူငယ်ချင်း မရှိရတဲ့ အကြောင်းအရင်း (၈) ချက်

, updated

ရုံးကလုပ်တဲ့ပွဲ ဘယ်ပွဲမှလည်း မတက်ပါဘူး။ ငွေကြေးထည့်ဝင်ရမယ့် ကိစ္စမျိုးတွေဆိုလည်း မနှစ်သက်ကြောင်း ပြတယ်။

play

 

၁ - ကိုယ့်အလုပ် ကိုယ်လုပ်

မင်းအလုပ်မင်းလုပ်၊ ငါ့အလုပ် ငါလုပ်မယ်ဆိုတဲ့လူတွေဟာ အလုပ်မှာ အထီးကျန်နေမှာပါ။ တစ်ဖက်သားကို မကူညီချင်တဲ့လူကို ဘယ်သူကမှ မခင်ပါဘူး။

၂ - ဆရာကြီး

play

 

တစ်ယောက်ယောက်က စိတ်ကူးတစ်ခုခုကို တင်ပြလာတယ်ဆိုရင် ကိုယ့်ဘက်က တင်ပြမှုအပေါ် သေချာသုံးသပ်မှုမရှိဘဲ ချက်ချင်းပယ်ချတတ်ပါတယ်။ ဒါမှမဟုတ် အိုင်ဒီယာတင်ပြသူ ဝေဝါးစိတ်ပျက်သွားအောင် ချက်ချင်း ပြောတတ်ပါတယ်။

၃- မပြောဘူး

သင်က မပြောတော့ သူတို့ကလည်း မပြောတော့ပါဘူး။ စကားနည်းလွန်းတာကလည်း အလုပ်မှာ သူငယ်ချင်း မရှိရတဲ့ အချက်တစ်ချက်ပါ။

၎ - မပါဘူး

ရုံးကလုပ်တဲ့ပွဲ ဘယ်ပွဲမှလည်း မတက်ပါဘူး။ ငွေကြေးထည့်ဝင်ရမယ့် ကိစ္စမျိုးတွေဆိုလည်း မနှစ်သက်ကြောင်း ပြတယ်။

၅ - အသံ

play

 

ကိုယ့်နေရာမှာ နေပေမဲ့ ဆူညံပါတယ်။ သူများတွေ အာရုံစိုက် အလုပ်လုပ်နေမှန်းမသိဘဲ အကျယ်ကြီး စကားပြောပါတယ်။ အကျယ်ကြီး ရယ်ပါတယ်။

၆ - ခို

အမြဲတမ်း ဆင်ခြေတွေပေးပြီး ညည်းတွားနေတတ်ပါတယ်။

၇ - အပြော

play

 

အပြောရိုင်းပြီး ပတ်ဝန်းကျင်က သတိထားမိအောင် စိတ်လှုပ်ရှားတဲ့ အမူအကျင့်တွေပြတာကလည်း အမြင်ကတ်စရာ ဖြစ်နေတတ်ပါတယ်။

၈ - အကျင့်မကောင်း

လုပ်ဖော်ကိုင်ဖက်တွေရဲ့တက်လမ်းကို ပိတ်မယ်၊ သူတို့ရဲ့ အခွင့်အရေးတွေကို ဖျက်ဆီးမယ်ဆိုတဲ့ အကျင့်တွေ ရှိတယ်ဆိုရင်လည်း တကယ်ခင်တဲ့ လူ မရတတ်ပါဘူး။

Photos & Source: about.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ