Lifestyle: အိုဗာတင်းရဲ့ ပထမဆုံး သိန်း(၁၀၀) ကံထူးရှင် ထွက်ပေါ်

အိုဗာတင်းကနေပြီး ကျပ်သိန်း (၁၀၀) ကံစမ်းမဲအစီအစဉ်အနေနဲ့ အိုဗာတင်းတစ်ခါသောက် ၂၀ ဂရမ်အထုပ်ငယ်တွေထဲမှာ ကျပ်သိန်း (၁၀၀) ဆု ဆယ်စုအထိ ထည့်သွင်းပေးထားရာမှာ အခုဆိုရင် ပထမဆုံး သိန်း(၁၀၀) ကံထူးရှင်တစ်ဦး ပေါ်ထွက်လို့လာပါပြီ။

play

 

အိုဗာတင်းကနေပြီး ကျပ်သိန်း (၁၀၀) ကံစမ်းမဲအစီအစဉ်အနေနဲ့ အိုဗာတင်းတစ်ခါသောက် ၂၀ ဂရမ်အထုပ်ငယ်တွေထဲမှာ ကျပ်သိန်း (၁၀၀) ဆု ဆယ်စုအထိ ထည့်သွင်းပေးထားရာမှာ အခုဆိုရင် ပထမဆုံး သိန်း(၁၀၀) ကံထူးရှင်တစ်ဦး ပေါ်ထွက်လို့လာပါပြီ။

အဲဒီလို အိုဗာတင်းရဲ့ ပထမဆုံး သိန်း(၁၀၀) ဆုကိုဆွတ်ခူးသွားနိုင်သူကတော့ ညောင်ဦးမြို့ ဒေသခံတစ်ဦးဖြစ်တဲ့ မဇင်မိုးသူပဲ ဖြစ်ပါတယ်။ မဇင်မိုးသူဟာ ညောင်ဦးမြို့ဒေသခံဆိုပေမဲ့ သိန်း(၁၀၀)ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ အိုဗာတင်းအထုပ်ကိုတော့ ကိစ္စတစ်ခုနဲ့ ချောက်မြို့ကိုသွားရင်း အဲဒီမြို့ကကုန်စုံဆိုင်တစ်ခုကနေ တိုက်တိုက်ဆိုင်ဆိုင်ဝယ်ယူဖြစ်ခဲ့တာပါ။

မဇင်မိုးသူတို့မိသားစုဟာ အိုဗာတင်းကို ဟိုးယခင်ကတည်းက စွဲစွဲမြဲမြဲသောက်သုံးလာ ခဲ့ကြသူတွေဖြစ်ပြီး ပုံမှန်အားဖြင့် အိုဗာတင်းပုလင်းကိုသာဝယ်ယူဖြစ်လေ့ရှိပေမဲ့ ကုန်စုံဆိုင်ပိုင်ရှင်က အိုဗာတင်းအထုပ်ငယ်လေးတွေမှာ သိန်း(၁၀၀) ကံစမ်းမဲတွေ ပါဝင်နေကြောင်း အသိပေးရင်း ကံစမ်းတဲ့အနေနဲ့ အထုပ်ငယ်လေးတွေပြောင်းဝယ်ကြည့်ဖို့ အကြံပေးတဲ့ အတွက် ၀ယ်ယူဖြစ်ခဲ့ရာကနေ အခုလိုကံထူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

အိုဗာတင်း ၂၀ ဂရမ်အထုပ်ငယ်ကို သမီးဖြစ်သူကိုဖျော်တိုက်ဖို့အတွက် ဖောက်လိုက်တဲ့အချိန်မှာ '' ဂုဏ်ယူပါတယ် ကျပ် သိန်း(၁၀၀) ရယူပါ '' ဆိုတဲ့စာသားကိုတွေ့လိုက်ရတဲ့အခါ အစပိုင်းမှာ မယုံမရဲနဲ့ ဇဝေဇ၀ါဖြစ်နေတဲ့အတွက် တခြားသူတွေကို မပြောဖြစ်သေးဘဲ သမီးဖြစ်သူကိုသာ ပြောဖြစ်ခဲ့ကြောင်း မဇင်မိုးသူက MRTV ရဲ့ မင်္ဂလာပါ အစီအစဉ်မှာ တွေ့ဆုံမေးမြန်းစဉ် ပြောကြားသွားခဲ့ပါတယ်။

အဲဒီလို အိုဗာတင်းရဲ့ ပထမဆုံး သိန်း(၁၀၀) ဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ အိုဗာတင်းထုပ်ကိုရောင်းချပေးခဲ့တဲ့ ချောက်မြို့က မသင်း ကုန်စုံဆိုင်ရဲ့ ဆိုင်ပိုင်ရှင် မသင်းသင်းကိုလည်း အိုဗာတင်းကနေ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဆုငွေ ကျပ် ၁ သိန်း ချီးမြှင့်ခဲ့ပါသေးတယ်။

ယခုအချိန်မှာ အိုဗာတင်းရဲ့ ပထမဆုံး သိန်း(၁၀၀)ဆု ထွက်ပေါ်သွားပြီဖြစ်ပေမဲ့ ကျပ် သိန်း(၁၀၀) ဆု ၉ ဆုကျန်ရှိနေပါ သေးတယ်။ အိုဗာတင်းရဲ့ကံစမ်းမဲကာလက ၂၀၁၆ ခုနှစ်၊ ဇွန်လ မှ သြဂုတ်လအထိ ဖြစ်ပြီး သိန်း ၁၀၀ ကံထူးရှင်များ အနေနဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၊ ၃၀ ရက်နေ့နောက်ဆုံးထားပြီး ထုတ်ယူရမှာဖြစ်တယ်လို့ အိုဗာတင်းရဲ့ ကြေညာ ထားချက်အရ သိရပါတယ်။

အိုဗာတင်းရဲ့ ပထမဆုံးသိန်း (၁၀၀) ကံထူးရှင် နဲ့ MRTV 4 တို့တွေ့ဆုံမေးမြန်းထားတဲ့ ဗွီဒီယိုကိုအောက်ပါ link မှာကြည့်ရှု့နိုင်ပါတယ်။

ဗွီဒီယိုကြည့်ရန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ