Lifestyle: ခွေးတွေအတွက်သီးသန့် အဆင့်မြင့်ဇိမ်ခံဟိုတယ်

အမေရိကားမှာ D Pet ဟိုတယ် ၃ လုံးကိုလည်း ဖွင့်လှစ်ထားပြီး အောင်မြင်နေတာကြောင့် စတုတ္ထမြောက်ဟိုတယ်ကို အင်္ဂလန်မှာတိုးချဲ့ဖွင့်လှစ်မယ်လို့ သိရပါတယ်။

play

 

D Pet ဟိုတယ်တွေဟာ ခွေးတွေအတွက် သီးသန့်ရည်ရွယ်တဲ့ အဆင့်မြင့်ဇိမ်ခံဟိုတယ်အမျိုးအစား ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာပါ။

play

 

မကြာမီ လန်ဒန်မှာလည်း D Pet ဟိုတယ်တစ်ခု ဖွင့်လှစ်ပါတော့မယ်။ အဲ့ဒီမှာ ခွေးတွေကို မွှေးပျံ့တဲ့ရနံ့နဲ့ Spa လုပ်ပေးမမယ့်အပြင် အရောင်ဆိုးပေးတာတွေလည်း လုပ်ပေးပါတယ်။ အမေရိကားမှာ D Pet ဟိုတယ် ၃ လုံးကိုလည်း ဖွင့်လှစ်ထားပြီး အောင်မြင်နေတာကြောင့် စတုတ္ထမြောက်ဟိုတယ်ကို လန်ဒန်မှာတိုးချဲ့ဖွင့်လှစ်မယ်လို့ သိရပါတယ်။

play

 

ခွေးတွေကို အဆင့်မြင့်ဇိမ်ခံကားတွေနဲ့ ကြိုပို့လုပ်ပေးမှာဖြစ်ပြီး ပုံထဲက Ferrari ကားကလည်း တစ်စီးအပါအဝင် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဖရာရီ (Ferrari) နဲ့ လန်ဘော်ဂနီတို့လိုကားတွေကိုပဲ ထားရှိပေးလေ့ရှိတယ်လို့ သိရပါတယ်။

play

 

အရီဇိုးနားက D Pet ဟိုတယ်ကို လာရောက်အပ်နှံကြတဲ့အခါ ခွေးပိုင်ရှင်တွေက ကိုယ်ပိုင်လေယာဉ်တွေနဲ့တောင် လာကြတယ်လို့ သိရပါတယ်။ ဟောလိဝုဒ်က ဟိုတယ်မှာဆိုရင်လည်း ပဲရှေး၊ ဘန်တလေနဲ့ ရိုးလ်ရွိုက်စ်တို့လို အကောင်းစားကားတွေနဲ့ ခွေးတွေကို တင်ဆောင်လာကြပြီး ဟိုတယ်မှာထားရှိကြတယ်လို့ D Pet ဟိုတယ်တွေရဲ့ တာဝန်ရှိသူတစ်ဦး ဆိုပါတယ်။

play

 

လာတည်းကြမယ့် ခွေးတွေကို သီးသန့်အခန်းတွေမှာ ထားရှိပေးမှာဖြစ်ပြီး မွေ့ယာ၊ ကစားစရာ၊ TV တွေကို ထားရှိပေးမှာပါ။ ညင်သာတဲ့တေးဂီတကိုလည်း ထုတ်လွှင့်ပေးနေမှာဖြစ်ပြီး မနက် ၇ နာရီနဲ့ ညနေ ၆ နာရီတိုင်းမှာ အခန်းသန့်ရှင်းရေးပုံမှန်လုပ်ပါတယ်။ တစ်ညတာထားရှိဖို့အတွက် ၈၄ ဒေါ်လာမှ ဒေါ်လာ ၂၀၀ အထိ ပေးရမှာဖြစ်ကာ လာရောက်မယ့် ခွေးတွေကို အထူးဂရုစိုက်ပေးသွားမယ့်အကြောင်း ဟိုတယ်ဘက်က ကတိပြုထားပါတယ်။

Source : Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ