AD
AD
AD
play

 

အယ်လ်ဘာတာက ထရားဗစ် ဒက်စ်လော်ရီရာဆိုတဲ့ အမျိုးသားတစ်ဦးရဲ့ လေ့ကျင့်ခန်းလုပ်တဲ့ ဗီဒီယိုဟာ နှစ်ရက်အတွင်း အကြိမ် ၁၁ သန်း ကြည့်ရှုခြင်းခံခဲ့ရပါတယ်။ ဂျာကော့ဘ်ဆိုတဲ့ သူ့ရဲ့ကြောင်လေးနဲ့အတူ လေ့ကျင့်ခန်းလုပ်ခဲ့တာ ဖြစ်ပါတယ်။ ထရားဗစ်က မော်ဒယ်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။ သူ့ရဲ့အဝါရောင်ကြောင်ကြီးက ချစ်ဖို့လည်းကောင်းပါတယ်။ ဂျာကော့ဘ်နဲ့အတူ လေ့ကျင့်ခန်းလုပ်ရတာဟာ ပိုပြီးအလုပ်ဖြစ်တယ်လို့ သူကဆိုပါတယ်။

play

 

ဂျာကော့ဘ်ကို ချီပင့်ပြီး လေ့ကျင့်ခန်းလုပ်တဲ့ ဗီဒီယိုကို ထရားဗစ်က ဖေ့စ်ဘွတ်ပေါ်တင်ခဲ့တာပါ။ ကြောင်ကြီးကလည်း သူနဲ့အတူ အလိုက်သင့်နေပေးတဲ့အပြင် လေ့ကျင့်ခန်းအပြီးမှာ အမြီးနဲ့ချွေးသုတ်ခွင့်တောင် ပေးလိုက်ပါသေးတယ်။

play

 

အလေးမတဲ့ဝိတ်တုံးအစား ကြောင်ကို အသုံးပြုပြီးလေ့ကျင့်တာက စိတ်ဝင်စားစရာကောင်းပါတယ်။ ပြီးတော့ ထရားဗစ်ကလည်း ကြွက်သားတွေ သန်သန်မာမာရှိပြီး ချောမောတာကြောင့်လည်း သူ့ရဲ့ဖေ့စ်ဘွတ်ဗီဒီယိုဟာ လူကြိုက်များသွားရတာဖြစ်ပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD