Lifestyle: တစ်ကိုယ်လုံး အမှတ်တွေပြည့်နေပေမဲ့ အလှစစ်ကို ဖော်ပြနိုင်ခဲ့သူ

ရုပ်ဆိုးလှတဲ့ အမှတ်တွေကြောင့် သူများရဲ့အလှောင်ပြောင် အနိုင်ကျင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

play

 

ယူလီယာနာယူ့ဆက်ဖ်ဆိုတဲ့ မိန်းကလေးဟာ လူငါးသိန်းမှာ တစ်ယောက်သာ ဖြစ်တတ်တဲ့  ရောဂါတစ်မျိုး (CMN) ကြောင့် တစ်ကိုယ်လုံး မှည့်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။

အဲဒီရောဂါဟာ သန္ဓေသား ကြီးထွားစဉ်မှာ ခန္ဓာကိုယ်ဆဲလ်တွေ သန္ဓေပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်တာဖြစ်ပြီး ကြိုတင်ကာကွယ်တဲ့နည်းလမ်း မရှိပါဘူး။

play

 

ထူးခြားလှတဲ့ မွေးရာပါအမှတ်တွေအကြောင်းကို မျှဝေချင်တဲ့ အသက် ၂၂ နှစ်အရွယ် မိန်းကလေးဟာ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ကနေ သူမရဲ့ပုံတွေနဲ့ သူမရဲ့အကြောင်းကို ပြာပြခဲ့ပါတယ်။

အခုဆိုရင် သူမဟာ အင်စတာဂရမ်မှာ Follower ၁၇,၀၀၀ တောင် ရှိနေပါပြီ။

play

 

"လူတွေရဲ့ တုံ့ပြန်မှုက ကောင်းပါတယ်။ CMN ကို ခံစားနေရတဲ့သူတွေကလည်း သူတို့အခု ပိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတဲ့အကြောင်း ပြောတယ်။ အခုဆိုရင် တချို့က သူတို့ရဲ့ဓာတ်ပုံတွေကိုတောင် တင်လာကြပြီ" လို့ ရဲရင့်လှတဲ့ မိန်းကလေးက ပြောပါတယ်။

ငယ်စဉ်တုန်းကဆိုရင် ကျောင်းမှာ ကလေးတွေက သူ့ကို ဒယ်မေးရှင်း (အမည်းကွက်တွေပါတဲ့ခွေး)၊ သစ်ကုလားအုပ်၊ နွား တို့နဲ့ တူတယ်လို့ ပြောခဲ့ကြပါတယ်။

play

 

"ကျွန်မအသက် ၁၅ နှစ်တုန်းက ကျွန်မသူငယ်ချင်းတစ်ယောက်က ပြောတယ်။ လူတိုင်းက ကျွန်မကို ကြည့်နေကြတဲ့အတွက် ကျွန်မနဲ့လမ်းလျှောက်ရတာ မျောက်တစ်ကောင်နဲ့ လမ်းလျှောက်ရသလိုပဲတဲ့" လို့ သူမက ဆိုပါတယ်။

အခုထိလည်း မကောင်းတဲ့တုံ့ပြန်မှုတွေ ရဆဲဖြစ်တဲ့ သူမဟာ လူတွေရဲ့ နားလည်မှုရဖို့အတွက် အခုလို ဆိုရှယ်မီဒီယာတွေမှာ ဒီအကြောင်းကို မျှဝေလိုက်တာ ဖြစ်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ