Lifestyle: ကိုယ့်ယုံကြည်မှု ကိုယ်ပြန်ဖျက်ဆီးမိနိုင်တဲ့ အပြုအမူ (၅) ခု

ယုံကြည်မှု မဲ့သူတွေဟာ သူတို့ကို အာရုံစိုက်တာမျိုး လိုချင်ပါတယ်။

play

 

၁ - အကြိုက်လိုက်တာ

ယုံကြည်မှုရှိတဲ့ လူတွေဟာ တစ်စုံတစ်ယောက် သဘောကျအောင် လိုက်လုပ်နေသူတွေ မဟုတ်ပါဘူး။ လူတစ်ချို့ သဘောကျဖို့ လုပ်နေသူတွေလည်း မဟုတ်ပါဘူး။ လူတိုင်းကတော့ သူတို့နဲ့ သဘောထားတိုက်ဆိုင်မှာ မဟုတ်ဘူးဆိုတာ သိပါတယ်။

၂ - အဖြေကိုပဲကြည့်

ပြဿနာတစ်ခု ဖြစ်လာရင် အဖြေကို လိုက်တွေးတာထက် လက်ရှိပြဿ     နာကိုပဲ အဓိက ထားပါတယ်။ ဥပမာ- အချစ်ရေးမှာ ပြဿ     နာတက်တဲ့ အခါ လက်တွဲဖော်က ငါ့ကို စိတ်ကုန်နေပြီဆိုပြီး တန်းတွေးလိုက်တာမျိုးဟာ ယုံကြည်မှုမရှိသူတွေလုပ်တဲ့ အလုပ်မျိုး ဖြစ်ပါတယ်။

play

 

၃ - အာရုံစိုက်ခံချင်

ယုံကြည်မှု မဲ့သူတွေဟာ သူတို့ကို အာရုံစိုက်တာမျိုး လိုချင်ပါတယ်။ ဒါကြောင့် သူတို့ဟာ ဒရမ်မာဆန်တဲ့ ဇာတ်လမ်းတွေ အမြဲဖန်တီးနေတတ်ပါတယ်။

၎ - အရှုံးသမားကြီး

ရှုံးနိမ့်မှု၊ မအောင်မြင်မှုဟာ ဖြစ်လာမယ့်ကိစ္စတစ်ခုလို့ မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမဲ့သူတွေကတော့ အရှုံးဟာ သူတို့နဲ့ထိုက်တန်လို့ ယူဆပြီး အရှုံးသမားကြီးဘွဲ့ခံယူလိုက်တတ်ကြပါတယ်။

play

 

၅ - အသစ်ကြောက်တယ်

အသစ်တစ်ခုကို ရင်ဆိုင်ရမှာ ကြောက်ပါတယ်။ ဘာသာစကားသစ်၊ ပညာရပ်သစ်နဲ့ ပတ်ဝန်းကျင်အသစ်တွေကို ထိတွေ့သင်ယူရမှာ ကြောက်ပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ