Lifestyle: လူသားစားမိကျောင်းတွေနဲ့ အနီရောင်ပြောင်းသွားတဲ့ရေကန်

ဒေသခံတွေကတော့ သွေးလွှမ်းတဲ့ရေကန်လို့ ခေါ်နေကြပါတယ်။

 

မက္ကဆီကိုက ရေကန်ငယ်တစ်ခုဟာ သွေးတွေကြောင့် အနီရောင်လွှမ်းနေပါတယ်။ ဒီနေရာမှာ မိကျောင်းတွေကိုလည်း အမြဲတမ်းလိုလိုတွေ့နေပါတယ်။ ရေကန်ငယ်ဟာ လူနေထိုင်ရာနေရာအနီးမှာ ရှိနေတာတောင်မှ မိကျောင်းတွေက လာမြဲလာဆဲပါ။

မွေးမြူရေးခြံတွေ၊ သားသတ်ရုံတွေနဲ့ နီးတာကြောင့်လည်း မိကျောင်းတွေကို ဆွဲဆောင်နေတဲ့ရေကန်ဖြစ်ပါတယ်။ သားသတ်ရုံတွေက သွေးတွေကို ရေကန်ကို စွန့်ပစ်တာကြောင့်မို့ ရေကန်က အနီရောင်ဖြစ်နေတာပါ။ နဂိုကတော့ သာမာန်ရေအရောင်ပဲရှိပေမယ့် သားသတ်ရုံတွေရောက်လာပြီးနောက်မှာ ရေကန်ကအရောင်ပြောင်းသွားပြီး မိချောင်းအကောင် ၃၀၀ လောက်ကို တွေ့လာရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

မိကျောင်းတွေက အိမ်မွေးတိရစ္ဆာန်တွေအပါအဝင် မွေးမြူထားတဲ့တိရစ္ဆာန်တွေကိုပါ အတင့်ရဲစွာ သတ်ဖြတ်စားသောက်လာကြပါတယ်။ အန္တရာယ်ရှိတဲ့ မိချောင်းတွေလက်ထဲ ကလေးတွေပါသွားမှာကို ဒေသခံတွေက ထိတ်လန့်နေကြပေမယ့် လုပ်စားတတ်တဲ့ စီးပွားရေးသမားတွေကတော့ မိကျောင်းတွေလာလို့ ဝမ်းမြောက်နေကြပြန်ပါတယ်။

 

ရေကန်ကိုရောက်လာတဲ့ မိကျောင်းတွေကို ချောင်းမြောင်းဖမ်းဆီးကာ သတ်ဖြတ်ပြီးရောင်းစားနိုင်လို့ ဖြစ်ပါတယ်။ မိကျောင်းသားရေ တစ်စင်တီမီတာကို ၇ ပေါင်နဲ့ ရောင်းချပြီး အကောင်လိုက်ဝယ်မယ်ဆိုရင် ပေါင် ၅၀၀ နဲ့ မှောင်ခိုသမားတွေက ဈေးပေးဝယ်ယူနေကြပါတယ်။

 

သွေးတွေကြောင့် အရောင်ပြောင်းနေတဲ့ရေကန်မှာ မိကျောင်းတွေသာမက နောက်ထပ်အန္တရာယ်တွေလည်းရှိနေပြန်ပါတယ်။ အဲ့ဒါတွေကတော့ ကူးစက်ရောဂါပါ။ သွေးညှီတွေက ခြင်တွေနဲ့ အခြားအင်းဆက်တွေ ခိုအောင်းပေါက်ပွားရာနေရာဖြစ်လာတာကြောင့် ဒေသခံတွေအဖို့ စိတ်ညစ်ညူးစရာ ဖြစ်လာခဲ့ပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ