Lifestyle: မြေးတွေရဲ့မင်္ဂလာပွဲမှာ ပန်းကြဲပေးခဲ့တဲ့ အဘွားနှစ်ယောက်

မြင်ဖူးသမျှ ပန်းကြဲတဲ့ မိန်းကလေးတွေထဲမှာ ချစ်စရာကောင်းဆုံးနှစ်ယောက်ပါပဲ။

play

 

ပန်ဆယ်ဗေးနီးယားမှာ နေထိုင်တဲ့ ဂျို့စ်နဲ့ မက်ဂီတို့ဟာ သူတို့ရဲ့မင်္ဂလာပွဲမှာ အချစ်ဆုံး အဘွားနှစ်ယောက်ဖြစ်တဲ့ အသက် ၇၄ နှစ်အရွယ် ဒရူးနဲ့ အသက် ၇၅ နှစ်အရွယ် ဂျိုက်စ်တို့ကို အထူးနေရာတစ်ခုမှာ ပါဝင်စေချင်ကြတယ်။

play
ပန်းစီးမှာ ထည့်သွင်းထားတဲ့ ဖခင်ရဲ့ဓာတ်ပုံ

 

သတို့သမီး မက်ဂီအတွက် ၂၀၁၃ ခုနှစ် ဒီဇိုင်ဘာလမှာ ဖခင်ဖြစ်သူ အူမကြီးကင်ဆာနဲ့ သေဆုံးသွားပြီးတဲ့နောက် သူမဖခင်ရဲ့မိဘတွေဟာ သူမအတွက် အားကိုးရာဖြစ်ခဲ့ပါတယ်။

"အဘွားက ကျွန်မအတွက် ဒုတိယအမေလိုပါပဲ" လို့ မက်ဂီက ပြောခဲ့ပါတယ်။

play
အဘိုးဖြစ်သူနဲ့အတူ

 

မက်ဂီဟာ ဂျို့စ်ရဲ့အဘွားအကြောင်းကိုလည်း အလေးထားပြောခဲ့ပါတယ်။

"သူက ဂျို့စ်ရဲ့ဘဝကို အများကြီး လွှမ်းမိုးခဲ့တယ်။ သူက ကျွန်မသိသမျှသူတွေထဲမှာ ဂရုစိုက်တတ်ဆုံး၊ အနူးညံ့ဆုံးနဲ့ စဉ်းစားတွေးခေါ်မှုအရှိဆုံးသူပါပဲ" လို့ မက်ဂီက ဆိုခဲ့ပါတယ်။

play

 

အဘွားနှစ်ယောက်ကို ပန်းကြဲတဲ့မိန်းကလေးတွေနေရာမှာ ထားရတာ သူတို့အတွက် အဓိပ္ပာယ်အရှိဆုံးလုပ်ရပ်လို့ မက်ဂီက ဝမ်းသာအားရဆိုခဲ့ပါတယ်။

မှန်ပါတယ်။ မိန်းမငယ်လေးတွေ ပန်းကြဲတာ ချစ်စရာကောင်းပေမဲ့ ဒီအဘွားအိုနှစ်ယောက်က ပိုချစ်စရာကောင်းပါတယ်။

play

 

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ