Lifestyle: ဘဝကို အသစ်က ပြန်စဖို့ အရေးကြီးတဲ့ အချက် (၃) ချက်

, updated

ဘဝကို အသစ်က ပြန်စဖို့ ဒီ (၃) ချက်က အရေးကြီးပါတယ်။

play

 

ကိုယ့်ရဲ့ လက်ရှိဘဝအပေါ် မပျော်မွေ့တော့ခြင်း၊ ဒါမှမဟုတ် အဆင်မပြေခြင်းများစွာကို ကြုံတွေ့ရခြင်း စတာတွေ ဖြစ်လာခဲ့ရင် အပြောင်းအလဲဆိုတာကို လူသားတွေ တောင့်တတတ်ကြပါတယ်။ ဘဝအသစ် ပြန်စဖို့ အခွင့်အရေးဟာ လူတိုင်းရဲ့ လက်ထဲမှာ ရှိထားပြီးသား ဖြစ်ပါတယ်။

ဘဝကို အသစ်က ပြန်စဖို့အတွက် အကောင်းဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်း (၃) ခုရှိပါတယ်။

၁။ စိတ်နေစိတ်ထား

play

 

သင့်ရဲ့ စိတ်နေစိတ်ထားကို အရင်ပြောင်းလဲပစ်ရမှာ ဖြစ်ပါတယ်။ ဒါကို သင်လုပ်နိုင်တယ် ဆိုတဲ့ စိတ်မျိုး တွေးထားဖို့ လိုပါတယ်။ ငါလုပ်နိုင်မှာ မဟုတ်ပါဘူးဆိုတဲ့ စိတ်မျိုး ရှိနေရင်တော့ သင့်ကိုသင် ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ အပြောင်းအလဲကို သင့်ဘက်က တကယ်လိုချင်ဖို့လည်း လိုပါသေးတယ်။

၂။ အိပ်ရေးဝအောင် အိပ်

play

 

ဘာဆိုင်လို့လည်းလို့ တွေးကောင်းတွေးမိပါလိမ့်မယ်။ သင်ဘဝကို အသစ်ကို ပြန်စချင်တယ်၊ အခြေအနေတွေကို ပြောင်းလဲချင်တယ်ဆိုရင်တော့ သင်အိပ်ရေးဝဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ကောင်းကောင်းမအိပ်ရတဲ့အခါ ခန္ဓာကိုယ်က အလွယ်တကူ အားနည်းလာတတ်ပါတယ်။ အဲဒီအခါ သင်ရဲ့စိတ်အခြေအနေ ပြောင်းလဲလာပါလိမ့်မယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို မချနိုင်တော့ပါဘူး။ ဒီအတွက် ဘဝသစ် စချင်ရင် ကောင်းကောင်းအိပ်ဖို့ လိုပါလိမ့်မယ်။

၃။ ကောင်းကောင်းစား

play

 

ဒီလိုအချိန်မှာ အစားအသောက် မှန်ဖို့လည်း အရေးကြီးပါတယ်။ အစားအသောက်အတွက် အဓိက စည်းမျဉ်းနှစ်ခုရှိပါတယ်။ သင်စားတဲ့ အချိန်မှာ စားသာစားပါ။ နောက်တစ်ချက်ကတော့ သင်အစာကြေညက်အောင် ဝါးဖို့ ဖြစ်ပါတယ်။ သင်ကျန်းမာစေဖို့ အစားတွေကို ရွေးစားပါ။ အသင့်စားလို့ရတဲ့ အရာတွေကို ဖြစ်နိုင်ရင် မစားပဲ တကယ်လတ်ဆတ်တာတွေကို ရွေးချယ်စားသုံးပါ။

Source : Huffington

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ