AD
AD
AD
play

 

နယူးဇီလန်နိုင်ငံက တွမ်ကာရီဟာ ပင်လယ်ပြင်ဘေးက စားသောက်ဆိုင်တစ်ခုမှာ အဖျော်ယမကာစပ်သူအဖြစ် အလုပ်လုပ်နေရာက သူ့ရဲ့ရည်မှန်းချက်အတွက် အလုပ်က ထွက်လိုက်တာ ဖြစ်ပါတယ်။

"ကျွန်တော် အလုပ်ထွက်တော့ ပိုကီမွန် လိုက်ဖမ်းဖို့ ကမ္ဘာပတ်မယ်လို့ မန်နေဂျာကို မပြောခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော့်သတင်း ပြန့်သွားချိန်မှာ မီဒီယာက ဆက်သွယ်လာရင် ပြောလို့ရအောင် သူ့ဆီ ဖုန်းဆက်ပြီး ပြောပလိုက်တယ်။ သူက ဝမ်းသားအားရပဲ ဆုတောင်းပေးပါတယ်" လို့ သူက သတင်းဌာနတွေကို ပြောပြခဲ့ပါတယ်။

play

 

ကာရီဟာ ပိုကီမွန် ၁၅၁ ကောင်ဖမ်းရမယ့် ဂိမ်းအတွက် ၉၁ ကောင်ကို ဖမ်းမိနေပါပြီ။

သူ့ရဲ့ဖခင်ကလည်း သူ့ရဲ့ဆုံးဖြတ်ချက်ကို အားပေးတယ်လို့ ဆိုပါတယ်။

"အဖေ့က ကျွန်တော့်ဆီ မက်ဆေ့ပို့ပြီး ကျွန်တော် တစ်နေ့ ကျော်ကြားလာမယ်ဆိုတာ သူသိတယ်လို့ ပြောတယ်" လို့ ကာရီက ပြောခဲ့ပါတယ်။

နိုင်ငံအရပ်ရပ်က အားပေးချီးမွမ်းစကားတွေရခဲ့တဲ့ ကာရီဟာ သူ့ရဲ့ရည်မှန်းချက်အောင်မြင်ရင် ဘာလုပ်မယ်ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

"ဒီခရီးပြီးသွားရင် အော့ကလန်ကို ပြန်မယ်။ အလုပ်ရှာပြီး လုပ်မယ်။ ပိုကီမွန်တွေကိုလည်း ဖမ်းနေဦးမှာပါ" လို့ သူက ဆိုခဲ့ပါတယ်။

လောလောဆယ်မှာတော့ ဟက်ကာအုပ်စုတစ်စုရဲ့ နှောင့်ယှက်မှုကြောင့် Pokémon Go ရဲ့ဆာဗာတွေ ကျနေတယ်လို့ သိရပါတယ်။

Source & Photos : independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD