Lifestyle: အလင်းမရသူနဲ့ လက်မရှိသူတို့ရဲ့ မွန်မြတ်တဲ့ စိမ်းလန်းရေးအစီအစဉ်

ဆယ်စုနှစ်တစ်ခုအတွင်းမှာ သစ်ပင်ပေါင်း ၁၂၀၀၀ ကျော်ကို စိုက်ခဲ့ကြပြီးပါပြီ။

play

 

လွန်ခဲ့တဲ့နှစ်တွေတုန်းက တရုတ်အလယ်ပိုင်း ယီမြစ်ကမ်းပါးတစ်လျှောက်ဟာ လွင်တီးခေါင်ပြင်ဒေသ ဖြစ်ခဲ့ပါတယ်။ ယနေ့မှာတော့ သစ်ပင်ပေါင်း ၁၂၀၀၀ ကျော်နဲ့ စိမ်းလန်းနေတာကို မြင်နေရပါပြီ။ နတ်ဒေဝါတွေရဲ့ ဖန်ဆင်းမှုမဟုတ်ဘဲ သာမာန်လူတွေလိုမပြည့်စုံရှာတဲ့ သူငယ်ချင်းနှစ်ဦးရဲ့ မွန်မြတ်တဲ့စိတ်ထားကြောင့် ခုလိုအပင်တွေဖြစ်ပေါ်လာခဲ့ရပါတယ်။

play

 

ဟူဘေးပြည်နယ်က ကျာဟိုင်းရှာနဲ့ ကျာဝမ့်ကြည်တို့ ရွာသားနှစ်ဦးဟာ ခင်မင်ရင်းနှီးသူတွေဖြစ်ကြပြီး ဟိုင်းရှာက မျက်စိမမြင်ရသူပါ။ ဝမ့်ကြည်ကတော့ လက်နှစ်ဖက်မရှိပါဘူး။ မပြည့်စုံကြတဲ့ သူငယ်ချင်းနှစ်ဦးဟာ အလုပ်အကိုင်ရှာဖွေလို့မရတဲ့အဆုံး အပင်တွေစိုက်ခဲ့ကြပါတယ်။ မသန်စွမ်းသူတွေမို့ အလုပ်မရကြတဲ့အခါ ပတ်ဝန်းကျင်ကို ကောင်းမွန်အောင်လုပ်လိုစိတ်နဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်ကစလို့ အပင်တွေကို အတူစိုက်ပျိုးခဲ့ကြပါတော့တယ်။

play

 

မနက် ၇ နာရီထိုးတာနဲ့ ပေါက်ပြားနဲ့တူတစ်လက်ကို သယ်ကာ လုပ်ငန်းစကြပါတယ်။ မျိုးစေ့တွေမဝယ်နိုင်တော့ စိုက်ခဲ့တဲ့အပင်တွေကနေ ကိုင်းတွေဖြတ်ပြီး ပြန်စိုက်ကြရပါတယ်။ လက်မရှိတဲ့ ဝမ့်ကြည်က အမြင်အာရုံမရတဲ့ ဟိုင်းရှာကို ပုခုံးပေါ်ထမ်းလို့ အပင်တွေကို တက်စေပါတယ်။ အပင်တွေကိုတော့ ဝမ့်ကြည်က သူ့ခြေထောက်တွေကိုအသုံးပြုလို့ ရေလောင်းပါတယ်။ " ကျွန်တော်က သူ့ရဲ့လက်တွေပဲဗျ၊ သူကတော့ ကျွန်တော့ရဲ့မျက်စိတွေလေ၊ နှစ်ယောက်အတူဆိုတော့ အဖွဲ့ကောင်းလေးတစ်ခုဖြစ်တာပေါ့ဗျာ" လို့ ဟိုင်းရှာကဆိုပါတယ်။

play

 

ဒီအဖြစ်အပျက်လေးဟာ မသန်စွမ်းသော်ငြား ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးကို တတ်အားသမျှ အလှဆင်နေကြတာဖြစ်ပြီး အကျိုးအမြတ်တစ်စုံတစ်ရာ မျှော်လင့်နေကြခြင်းတော့ မရှိပါဘူး။ အပင်စိုက်တာတွေကိုတော့ နေ့စဉ်ရက်ဆက် စိုက်ပျိုးနေကြဆဲပါပဲ။

Source : Indi Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ