Lifestyle: ကိုယ့်ကို လျစ်လျူရှုတဲ့သူကို အကောင်းဆုံးနည်းနဲ့ လက်စားချေပြခဲ့တဲ့ မိန်းကလေး

ကိုယ့်ကိုကိုယ်သာ အားကိုရာဆိုတာကို သူမက လက်တွေ့ပြသလိုက်တာပါပဲ။

play

 

မီမီဘလက်ခ်ဆိုတဲ့နာမည်နဲ့ တွစ်တာသုံးတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးဟာ ချိန်းထားသူနဲ့ တွေ့ဖို့ ဂလက်စကိုအထိ သွားခဲ့ရပေမဲ့ ထိုသူက ရောက်မလာခဲ့ပါဘူး။

play

 

ဒါပေမဲ့ မီမီဟာ အဲဒီအတွက် ဝမ်းနည်းနေမယ့်အစား အဲဒီလူ ဒီလိုလုပ်လိုက်တဲ့အတွက် ဘာတွေဆုံးရှုံးလိုက်ရတယ်ဆိုတာ ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

play

 

အလှပဆုံး ဝတ်စားလို့ တစ်ကိုယ်တည်း လျှောက်လည်နေပုံကို တွစ်တာမှာ ဓာတ်ပုံများစွာတင်ရင်း သူမ ဘယ်လောက် ပျော်ရွှင်နေကြောင်းကို သူမရဲ့ Follower ၃၂,၀၀၀ ကို ပြသခဲ့ပါတယ်။

သူမရဲ့ ကိုယ်လုံးအလှကို ပြသတဲ့ ဓာတ်ပုံတွေနဲ့အတူ "ကျွန်မသာ အဲဒီလို လျစ်လျူရှုမခံခဲ့ရဘူးဆိုရင် နွေရာသီ ဈေးရောင်းပွဲတော်လည်း မြင်ရမှာမဟုတ်ဘူး" လို့ သူမက ရေးသားခဲ့ပါတယ်။

play

 

"ဝမ်းမနည်းဘဲ ဟာသလုပ်ပြီး တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင် လျှောက်လည်နိုင်ဖို့အတွက် သတ္တိအတော်မွေးလိုက်ရတယ်" လို့လည်း သူမက ရိုးသားစွာ ဝန်ခံခဲ့ပါတယ်။

ချိန်းထားတာမလာဘဲ သူမကို အရှက်ရအောင် လုပ်ခဲ့သူက ပြန်လည်တောင်းပန်ကြောင်းလည်း မီမီက တွစ်တာမှာ တင်ခဲ့ပါတယ်။

play

 

မိမိသည်သာ အားကိုးရာဖြစ်ပြီး အခက်အခဲကြုံတဲ့အခါ လဲမကျဘဲ သတ္တိရှိရှိ ကျော်ဖြတ်ရင် အရာအားလုံးကို အနိုင်ယူနိုင်တယ်ဆိုတာကို မီမီက သက်သေပြလိုက်တာဖြစ်တဲ့အတွက် သူမရဲ့ဇာတ်လမ်းဟာ တွစ်တာမှာ နာမည်ကြီးသွားခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ