Lifestyle: ဖန်တီးနိုင်စွမ်းရှိသူတို့ရဲ့ လက္ခဏာ (၃) ရပ်

ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်တတ်သလို စိတ်ခံစားချက်ကိုလည်း ဦးစားပေးသူတွေဖြစ်တယ်။

play

 

သင့်ကို စိတ်ခံစားချက်လွယ်တယ်လို့ တချို့က ကဲ့ရဲ့ချိန်မှာ တချို့ကတော့ သင့်ကို ကျိုးကြောင်းဆီလျော်စွာ တွေးတတ်သူလို့ ချီးမွမ်းဖူးသလား။ ဒီလို ခံစားချက်တွေ ရောထွေးနေသူဖြစ်လို့ စိတ်မညစ်ပါနဲ့။ အဲဒီအချက်တွေက သင်ဟာ ဖန်တီးနိုင်စွမ်းရှိသူလို့ ပြနေတာ ဖြစ်ပါတယ်။

၁။ သင်ဟာ ရုပ်ရှင်ဇာတ်ကားထဲက အဓိပ္ပာယ်မရှိတဲ့အပိုင်းတွေကို ထောက်ပြနိုင်သလို ဇာတ်ကားကောင်းပြန်ရင်လည်း မျက်ရည်ကျတတ်သူဖြစ်တယ်။

အဆီအငေါ်မတည့်မှုတွေထဲက အဆင်ပြေနေတဲ့အရာတွေကို သင်က မြင်နိုင်စွမ်းရှိသူဖြစ်တယ်။ သင်ဟာ ပုံစံမျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်ရှင်ဇာတ်ကား၊ စာအုပ်၊ လူ့ဘဝကို ကြည့်နိုင် ဖတ်နိုင် လေ့လာနိုင်တယ်။ ဒါပေမဲ့ အဲဒီထဲကမှ ဘယ်ဟာကတော့ အဓိပ္ပာယ်မရှိဘူး၊ ဘယ်ဟာကတော့ အဓိပ္ပာယ်ရှိတယ်လို့  သင်ခွဲခြားနိုင်တယ်။

play

 

၂။ အနာဂတ်လှပဖို့ ကိုယ့်ကိုယ်ကို ဘယ်လို တိုးတက်အောင်လုပ်ရမလဲလို့ အမြဲတွေးသလို သတိရစရာ အဖြစ်အပျက်တွေကိုလည်း တန်ဖိုးအရမ်းထားသူ ဖြစ်ပြန်တယ်။

ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်တတ်သူတွေက သူတို့ကိုယ်သူတို့ အောင်မြင်အောင် ကြိုးစားတယ်။

ဒါပေမဲ့ ဖန်တီးနိုင်စွမ်းရှိသူတွေကျတော့ အဲဒီလိုလည်း ကြိုးစားသလို စိတ်ခံစားချက်တွေကိုလည်း

တန်ဖိုးထားပြန်တယ်။

play

 

၃။ အဆင်မပြေတဲ့ဆက်ဆံရေးကြောင့် ကွဲကွာခဲ့ရသူကို သင် လွမ်းတယ်၊ ချစ်တယ်။ ဒါပေမဲ့ သင်ဟာ

တူညီတဲ့ အမှားတစ်ခုကို နောက်တစ်ကြိမ် ထပ်ကျူးလွန်မဲ့သူမဟုတ်ဘူး။

ဖန်တီးနိုင်စွမ်းရှိသူတွေဟာ အတိတ်ကို လွမ်းဆွတ်တတ်သူဖြစ်ပေမဲ့လို့ ကျိုးကြောင်းဆီလျော်စွာ တွေးတတ်သူဖြစ်တဲ့အတွက် စိတ်ခံစားချက်ကို ဦးစားပေးပြီး အမှားတစ်ခုကို နှစ်ခါ ကျူးလွန်မယ့်သူ မဟုတ်ဘူး။ ဘယ်လောက်ပဲ ချစ်ပါစေ၊ မလုပ်သင့်တော့တာကို မလုပ်ဘဲ ကိုယ်လျှောက်ရမယ့်လမ်းကို ဆက်လျှောက်တယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ