Lifestyle: သင့်အတွက် ရယ်ရွှင်စရာလေးများ

, updated

Duwun ပရိသတ်တွေရဲ့ ဘဝအမောတွေ ခဏတာဖြစ်ဖြစ် ပြေပျောက်စေဖို့အတွက် ရယ်စရာလေးတွေပါ။

play

ယောက္ခမကြီးဖို့

ဆိုင်ရှင် - ဘာအလိုရှိပါသလဲရှင်။
ဈေးဝယ် - ကျွန်တော့်ယောက္ခမကြီးကို ကန်တော့ဖို့အတွက် ပစ္စည်းဝယ်ချင်လို့ပါ။
ဆိုင်ရှင် - ဟုတ်ကဲ့။ ကျွန်မတို့ဆိုင်မှာ ပစ္စည်းမျိုးစုံရှိပါတယ်။ အကို လိုချင်တဲ့ပစ္စည်း အမျိုးအစားလေး ပြောပြပေးပါ။
ဈေးဝယ် - လျှပ်စစ်ကုလားထိုင်တစ်လုံးလောက် လိုချင်လို့ပါ။ ဘယ်လောက်ပေးရ ပေးရပေါ့။

မေမေ့တာဝန်ထား

သမီး - သမီး ဒီလူနဲ့လက်မထပ်ချင်ဘူး မေမေ။ သူနဲ့ သမီး အယူအဆချင်း မတူဘူး။ သူက ငရဲရှိတယ်ဆိုတာကို မယုံဘူးလို့ အကြောက်အကန် ပြောနေတယ် မေမေရဲ့။
အမေ - လက်ထပ်မှာသာ လက်ထပ်လိုက်ပါ သမီးရယ်။ ငရဲတကယ်ရှိကြောင်း သူသိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ။

ဒိုင်လူကြီး

အဖေ - ငါ့သား မင်းကျောင်းတက်နေတာ အခု မူလတန်းတောင် ပြီးတော့မယ်။ အခုထက်ထိ တစ်၊ နှစ်၊ သုံး၊ လေးကို တစ်ဆယ်ထက် ပိုမရေတတ်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမလဲ။
သား - သားကြီးရင် လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်မယ် ဖေဖေ။

play

ပြခွင့်မရတာ

ပထမလူ - ဟေ့လူ ခင်ဗျားရဲ့ ပန်းချီကားကို ပြပွဲကော်မတီလူကြီးတွေက ဘာလို့ ပြခွင့် မပေးတာလဲ။
ဒုတိယလူ - ပန်းချီကားထဲမှာ မိခင်ရင်ခွင်ထဲက ကလေးငယ်ရဲ့ရုပ်က အသက် ၃၀ လောက်ရှိတဲ့ပုံပေါက်နေလို့တဲ့ဟေ့။

သူဖတ်လို့

ဇနီး - မောင် ဟိုနေ့က ဝယ်လာတဲ့ အသက်ရာကျော်ရှည်အောင် နေထိုင်းနည်းဆိုတဲ့ စာအုပ်ကို မောင် သိမ်းထားသေးလား။
ခင်ပွန်း - ငါ မီးရှို့လိုက်ပြီ။
ဇနီး - ဘာဖြစ်လို့လဲ။ ချစ်မှ မဖတ်ရသေးတာ။
ခင်ပွန်း - မင်းအမေဖတ်နေတာ တွေ့လို့ဟေ့။

တစ်ကြိမ်ပဲ

တပည့် - ဘယ်လိုမှိုမျိုးက စားလို့ရလဲဆိုတာ ဆရာသိလားဟင်။
ဆရာ - ဘယ်မှိုမဆို စားလိုကရတယ် တပည့်ရဲ့။ ဒါပေမဲ့ တချို့မှိုတွေက တစ်ကြိမ်ပဲ စားလို့ရတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ