Lifestyle: သူငယ်ချင်းတစ်ယောက်ဆီက ပိုက်ဆံချေးနည်း

, updated

စကားပြောရတာ သက်သောင့်သက်သာ ဖြစ်မယ့် သူငယ်ချင်းမျိုးကို ရွေးသင့်ပါတယ်။

play

 

၁ - လေးနက်

ပိုက်ဆံချေးဖို့အတွက် လေးနက်တဲ့ အကြောင်းအရင်းတစ်ခု ပေးဖို့ လိုပါတယ်။ "ငါလိုလို့ " ဆိုတဲ့ မယ်မယ်ရရ မရှိတဲ့အကြောင်း ပြချက်မျိုးက သူငယ်ချင်းဆက်ဆံရေးကို အခွင့်ကောင်းယူတယ်လို့ တစ်ဖက်ကခံစားရနိုင်ပါတယ်။

၂ - လက်တွေ့ကျ

တကယ်ပြန်ပေးနိုင်တဲ့ ပမာဏ၊ တကယ်လိုအပ်တဲ့ ပမာဏထက် ပိုမချေးပါနဲ့။

play

 

၃ - ရှင်းရှင်းလင်းလင်း

ချေးတဲ့အခါမှာ ရှင်းရှင်းလင်းလင်း ရှိပါ။ အတိုးပေးမယ်ဆိုလည်း ပေးမယ့်အကြောင်း ရှင်းရှင်းလင်းလင်းပြောပါ။ ဒါမှမဟုတ် ပြန်ပေးတဲ့အခါ တစ်ခုခုကျွေးမယ်လို့ ပြောထားရင် တကယ်ကျွေးပါ။ မလုပ်နိုင်တဲ့ အပိုကတိတွေမပေးပါနဲ့။

၎ - ရွေးချယ်မှု

ဘယ်သူ့ကို ချေးရမလဲဆိုတာကိုလည်း ရွေးချယ်ရပါမယ်။ သင်ကောင်းကောင်းသိပြီး သင့်ကို ယုံကြည်တဲ့ သူငယ်ချင်းဆီက ချေးပါ။ အကြောင်းအရာပေါင်းများစွာကို သက်သောင့်သက်သာ ပြောခဲ့ဖူးတဲ့ သူငယ်ချင်းမျိုးပါ။ ပိုက်ဆံချေးမယ်ဆိုရင် စကားပြောရတာ ကို့ယို့ကားယားနိုင်ပါတယ်။ ဒါကြောင့် စကားပြောရတာ သက်သောင့်သက်သာ ဖြစ်မယ့် သူငယ်ချင်းမျိုးကို ရွေးသင့်ပါတယ်။

play

 

၅ - မငြင်းပါနဲ့

သူ့ရဲ့ကမ်းလှမ်းမှုကို မငြင်းပါနဲ့။ ဥပမာ - ကိုယ်က တစ်သိန်းလောက်လိုတဲ့ အချိန်မှာ သူက ငါးသောင်းလောက်ပဲ ချေးနိုင်တယ်ဆိုရင်လည်း မငြင်းသင့်ပါဘူး။ ဘာမှ မရတာထက် သူ့အကူအညီကို အသိအမှတ်ပြုသင့်ပါတယ်။ သင်လိုသလောက် ပမာဏကို ကူညီဖို့ အတင်းတိုက်တွန်းတာမျိုး မလုပ်သင့်ပါဘူး။

၆ - မပြောနဲ့

ငွေရေးကြေးရေး ကိစ္စကို လူအများရှေ့မှာ မပြောပါနဲ့။ ငွေရေးကြေးရေးနဲ့ လူမှုရေး ခွဲခြားထားပါ။ ဒီလိုအကြွေးတွေရှိနေတယ်ဆိုပြီး သူငယ်ချင်းတွေကြား အသားမယူပါနဲ့။

Photos & Source: wikiHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ