Lifestyle: ကိုယ်ဝန်ဆောင်ဗိုက်တွေပေါ်မှာ ရေးဆွဲတဲ့ ပန်းချီ

ပန်းချီပညာဖြင့် မိခင်ဘဝကို မိခင်လောင်းတွေနဲ့အတူ ဂုဏ်ပြုတာလို့ ဆိုပါတယ်။

play

 

စပိန်အမျိုးသမီး ခန္ဓာကိုယ် ဆေးရေးခြယ်မှု ပန်းချီပညာရှင်က ကိုယ်ဝန်ဆောင် မိခင်လောင်းတွေရဲ့ ဗိုက်ပေါ်မှာာ အမှတ်တရ အရုပ်များ ရေးဆွဲပေးခြင်းဖြင့် နာမည်ကြီးနေပါတယ်။ အသက် ၃၂ နှစ်အရွယ် ပန်းချီပညာရှင် ဖတ်တီမာ ကာရီအွန် အယ်လ်ဖွန်ဆို ကိုယ်တိုင်လည်း အသက်တစ်နှစ်အရွယ် သမီးလေးတစ်ဦးရဲ့ မိခင်ဖြစ်ပါတယ်။

play

 

အမေရိကန်နဲ့ ဗြိတိန်မှာလည်း ရေပန်းစားခဲ့တဲ့ ကိုယ်ဝန်ဆောင်ဗိုက်ပေါ်မှာ ပန်းချီရေးဆွဲတဲ့ အလုပ်ကို သူမက စပိန်မှာလည်း စတင်ခဲ့ပါတယ်။ ကာရီအွန်က ၃ နှစ်အတွင်း ကိုယ်ဝန်ဆောင် မိခင်လောင်း ၂၀၀ ကျော်ရဲ့ ဗိုက်တွေပေါ်မှာ ပန်းချီရေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။

play

 

သူမထံမှာ ဗိုက်အပ်ပြီး ပန်းချီရေးဆွဲလိုတဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ ပိုမိုများပြားလာနေတယ်လို့ ဆိုပါတယ်။ ကာရီအွန်က ဒီအလုပ်ဟာ သူမရဲ့ ပန်းချီပညာဖြင့် မိခင်ဘဝကို မိခင်လောင်းတွေနဲ့အတူ ဂုဏ်ပြုတာလို့ ဆိုပါတယ်။
Source & Photo: dfic.cn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ