AD
AD
AD
play

 

နှစ်ယောက်သား အတူတူ အရက်သောက်တတ်တဲ့အကျင့်ရှိသူ စုံတွဲတွေရဲ့ အချစ်ရေးဟာ ပိုမိုပျော်ရွှင်ရပြီး ခိုင်မြဲလေ့ရှိကြောင်း သုတေသနတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ စုံတွဲတစ်တွဲမှာ တစ်ဦးတည်းကသာ သောက်တတ်တဲ့အကျင့်ရှိသူတွေထက် နှစ်ဦးလုံး သောက်တတ်တဲ့စုံတွဲတွေက ပိုပျော်ရတယ်လို့ ဆိုထားပါတယ်။

play

 

ဘယ်လောက်များများ သောက်တယ်ဆိုတာမျိုးက အချစ်ရေးအတွက် အရေးမကြီးဘဲ နှစ်ဦးလုံးဟာ သောက်တတ်သူတွေ ဖြစ်သလားဆိုတဲ့ ကိစ္စကသာ အရေးပါတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း မီချီဂန်တက္ကသိုလ်က ဒေါက်တာ ဘာ့ဒစ်ဆိုသူ ဦးဆောင်တဲ့ သုတေသနအဖွဲ့တစ်ခု လေ့လာခဲ့တဲ့ အချက်အလက်တွေအရ အခုလို အဖြေထွက်လာတာပါ။

အတူတူသောက်တတ်တဲ့စုံတွဲတွေက ပိုပျော်ရတယ်ဆိုပေမဲ့ ဒီလေ့လာချက်ဟာ စုံတွဲတွေကို အရက်အတူတူသောက်ကြဖို့ တိုက်တွန်းထားတာ မဟုတ်ဘူးလို့ ဒေါက်တာဘာ့ဒစ်က ပြောပါတယ်။ သက်လတ်ပိုင်းအရွယ်ရှိတဲ့ အိမ်ထောင်သည်စုံတွဲပေါင်း နှစ်ထောင်ကျော်ကို မေးမြန်းစစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး သူတို့ရဲ့အရက်သောက်တတ်တဲ့ အလေ့အကျင့်နဲ့ အိမ်ထောင်ရေးသာယာမှုတွေကို မေးမြန်းထားတာဖြစ်ပါတယ်။

play

 

ဒါပေမဲ့ အမျိုးသမီးတွေဟာ သူတို့မသောက်ရင်ဖြစ်ဖြစ်၊ သောက်ရင်ဖြစ်ဖြစ် တစ်ယောက်တည်းသောက်ရတာကို မပျော်ကြဘူးလို့ အဖြေထွက်လာပါတယ်။ ဆိုလိုတာက အမျိုးသမီးတွေက သူတို့သောက်တဲ့အခါ အမျိုးသားတွေကိုပါ အတူလာရောက် သောက်စေချင်ကြတယ်လို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD