Lifestyle: တစ်ကိုယ်တည်း နေခြင်းက ရမယ့် အကျိုးကျေးဇူး (၅) ခု

, updated

လေ့လာချက်အရ တစ်ဦးတည်းနေခြင်းက ရမယ့် အကျိုးကျေးဇူး များစွာ ရှိပါတယ်။

play

 

အဖော်ခင်တတ်တဲ့ စိတ်မျိုးဟာ သာမန်လူတွေမှာ ဖြစ်လေ့ရှိတဲ့ အရာဖြစ်ပါတယ်။ စမတ်ဖုန်းကိုင်တဲ့ ၆၇ ရာခိုင်နှုန်းသော သူတွေက ဖုန်းသံ၊ အီးမေးလ်သံ မကြားဘဲနဲ့ ဖုန်းလာလိုလာငြား ဖုန်းတွေ၊ တက်ဘလက်တွေကို ရှာဖွေ ကိုင်တွယ်တတ်ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တစ်ဦးတည်းနေခြင်းကနေ ရနိုင်တဲ့ အကျိုးကျေးဇူးလည်း များစွာရှိပါတယ်။

၁။ အနားယူချိန် ရခြင်း

play

 

တစ်ဦးတည်းနေတဲ့အခါ အနားယူချိန်ပိုရသလို စွမ်းအင်လည်း ပိုပြည့်လာတတ်ပါတယ်။ တစ်ဦးတည်း တရားထိုင်ခြင်း၊ ရေနွေးကန်ထဲမှာ အချိန်ယူပြီး ရေစိမ်ခြင်း စတာတွေဟာ အားအင်ပြည့်ဖို့ အလွယ်ကူဆုံး နည်းလမ်းတွေပါ။

၂။ ဖန်တီးနိုင်စွမ်း ကောင်းခြင်း

အုပ်စုလိုက် ဆွေးနွေးအဖြေရှာခြင်းကသာ အကောင်းဆုံး စိတ်ကူးဉာဏ်တွေ ရလာတာ မဟုတ်ပါဘူး။ တစ်ဦးတည်း စိတ်အေးလက်အေး နေတဲ့အခါလည်းအကောင်းဆုံး အကြံဉာဏ်တွေ ရလာတတ်ပါတယ်။

၃။ အလုပ်ပိုတွင်ခြင်း

play

 

တစ်ဦးတည်း လုပ်ရင် အလုပ်ပိုတွင်တယ်ဆိုတာ ၁၉၁၃ ခုနှစ်ကတည်းက မွေးမြူရေးနဲ့ စိုက်ပျိုးရေး အင်ဂျင်နီယာတစ်ဦးက အဖြေထုတ်ခဲ့တာ ဖြစ်ပါတယ်။ အာရုံစူးစိုက်မှု ပိုရနိုင်တဲ့အတွက် ဖြစ်နိုင်ပါတယ် ။

၎။ လွတ်လပ်ခြင်း

တက္ကသိုလ်တတ်တဲ့အချိန်တွေမှာ အချင်းချင်း အရမ်းချစ်ကြတဲ့ အခန်းဖော်သူငယ်ချင်းမျိုး ကြုံရနိုင်ပါတယ်။ ဘယ်လောက်ပဲ ချစ်ချစ် ကျောင်းပိတ်ရက် မြန်မြန်ရောက်ဖို့ မျှော်ကြပြီး ပိတ်ရက်ရောက်တဲ့အခါ ကိုယ်သွားချင်၊ လာချင်တဲ့နေရာတွေကို သွားတော့တာပါပဲ။ လူတွေဟာ လွတ်လပ်မှုကို နှစ်သက်ပြီးသားပါ။ တစ်ဦးတည်း နေရတဲ့အခါလွတ်လပ်မှုကို အပြည့်အဝ ခံစားနိုင်ပါတယ်။

၅။ ကိုယ့်စိတ်အမှန်ကို သိလာခြင်း

play

 

လူတစ်ရာမှာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်က ကိုယ့်ကိုယ်ကိုယ်ညာတတ်ကြသူတွေလို့ လေ့လာချက် ရှိထားပါတယ်။ ကိုယ်ရဲ့စိတ်ရင်းအမှန်က ဘာလဲဆိုတာ မမြင်နိုင်တာဖြစ်ပါတယ်။ တစ်ဦးတည်းနေလိုက်တဲ့အခါ ကိုယ့်ရဲ့ ပုံစံအမှန်ကို မြင်သွားပြီးဘာဆက်လုပ်ရမလဲဆိုတာ ရှင်းသွားမှာပါ။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ