Lifestyle: ဆံပင်ညှပ်သင့်ပြီလို့ ပြောနေတဲ့ အချိန် (၆) ချိန်

ဒီလက္ခဏာတွေ ပြနေပြီဆိုရင် ဆံပင်ညှပ်သင့်ပါပြီ။

play

 

ဒီဆံပင်ကို ညှပ်လိုက်ရင်ကောင်းမလား၊ အရှည်ပဲ ဆက်ထားရင် ကောင်းမလားဆိုပြီး ဒွီဟဖြစ်တဲ့ စိတ်မျိုး အားလုံး ဖြစ်ဖူးကြမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သင်ဆံပင်ညှပ်သင့်ပြီလို့ ပြောနေတဲ့ အချိန် (၆) ချိန်ရှိပါတယ်။

၁။ အဖျားနှစ်ခွ ဖြစ်လာတဲ့အချိန်

play

 

သင့်ဆံပင်တွေက အဖျားနှစ်ခွဖြစ်လာပြီး ခြောက်သွေ့လာပြီဆိုရင်တော့ သင်ဆံပင်ညှပ်ဖို့ အချိန်ရောက်ပြီဆိုတာ မမေ့ပါနဲ့။

၂။ ဆံပင်တွေ ရှုပ်လာတဲ့အချိန်

သင့်ရဲ့ ဆံပင်စတိုင်ကို ပျက်စီးစေလောက်အောင် ဆံပင်တွေက ပျက်စီးလာပြီဆိုရင်လည်း ညှပ်သင့်ပါပြီ။ နောက်ပြီး ဒီအချိန်မှာ ဆံပင်တွေ မထူတော့တာမျိုး ဖြစ်တတ်ပါတယ်။

၃။ အပြောင်းအလဲ ကြုံတဲ့အချိန်

play

 

အလုပ်သစ် စတာမျိုးဖြစ်ဖြစ်၊ အချစ်သစ် တွေ့တာမျိုးဖြစ်ဖြစ် စတဲ့အပြောင်းအလဲ အချိန်တွေမှာလည်း စိတ်သစ်၊ လူသစ် ဖြစ်သွားစေဖို့ ဆံပင်ပုံစံပြောင်းတာမျိုး၊ ညှပ်တာမျိုး လုပ်လိုက်သင့်ပါတယ်။

၎။ အဖျားရှုးသွားတဲ့အချိန်

ကျန်းမာသန်စွမ်းတဲ့ ဆံပင်မျိုးကို ထိပ်ဆုံးကနေ အောက်ဆုံးအထိ အတူတူပဲ ဖြစ်သင့်ပါတယ်။ အဖျားတွေ ရှုးတဲ့ ဆံပင် ဖြစ်နေပြီဆိုရင်တော့ ဆံပင်ညှပ်သင့်ပါပြီ။

၅။ ၁၃ နှစ်သမီး ပုံစံ ပေါက်နေပြီဆိုရင်

ကျောင်းတုန်းက ဓာတ်ပုံထဲကလို သင်ရဲ့အခုဆံပင်ပုံစံက ခပ်တုံးတုံးကြီး ဖြစ်နေပြီဆိုရင်လည်း ချက်ခြင်း ပုံစံပြောင်းပစ်လိုက်ဖို့ မမေ့ပါနဲ့။

၆။ ဆံပင်ခြောက်လာတဲ့အချိန်

play

 

ဆံပင်တွေ ခြောက်လာပြီဆိုရင် ကျွတ်တာလည်းလွယ်သလို ဆံပင်ကျိုးဖို့လည်း လွယ်လာပြန်ပါတယ်။ ဒါကြောင့် ဆံပင်ခြောက်လာပြီဆိုရင် ကျွမ်းကျင်တဲ့ ဆံပင်ပညာရှင်နဲ့ တိုင်ပင်ပြီး ပြန်လည်ကုသဖို့ လိုသလို ဆံပင်လည်း ညှပ်လိုက်သင့်ပါပြီ။

Souruce : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ