Lifestyle: အလှဆုံး ကိုယ်လုံးဖြစ်ဖို့ ၄ ရက်အစာမစားခဲ့တဲ့ အလှဘုရင်မ

သူမဟာ ရုရှားမှာ ဆက်စီအကျဆုံးမိန်းကလေးအဖြစ် သတ်မှတ်ခံထားရသူပါ။

play

 

အလှဘုရင်မဘွဲ့ရလိုက်တာက ၄ ရက်တိတိ အစာငတ်ခံလို့လို့ ပြောလိုက်တဲ့အတွက် Miss Maxim 2016 ဟာ လူထုရဲ့ ရှုံ့ချခြင်း ခံလိုက်ရပါတယ်။

 

ကျောင်းသူမလေး နာတယ်ယာရှူဗယ်လ်လိုဗာဟာ မိန်းမလှ ၄,၀၀၀ ထဲကနေ Miss Maxim အဖြစ် ရွေးချယ်ခံလိုက်ရတာဖြစ်ပြီး သူမအခုလို အောင်မြင်မှုရခဲ့ခြင်းက အလှဆုံးခန္ဓာကိုယ်ရဖို့  ၄ ရက် ဘာမှမစားလို့လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

play

 

ပြိုင်ပွဲအတွက် ဘယ်လိုပြင်ဆင်ခဲ့ရလဲလို့ သူမကို မေးမြန်းတဲ့အခါမှာ "ကျွန်မ ၄ ရက် အစာမစားခဲ့ဘူး။ အခု ကျွန်မ ဟန်ဘာဂါအကြီးကြီး စားမယ်" လို့ နာတယ်ယာက ပြောခဲ့ပါတယ်။

play

 

အဲဒီလို ပြောတာ မိန်းကလေးတွေကို မှားယွင်းတဲ့ စံနမူနာပြခြင်းဖြစ်တယ်လို့ ဆိုပြီး အသက် ၂၁ နှစ်အရွယ် မိန်းမလှလေး နာတယ်ယာကို လူအများက ဝေဖန်နေကြပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ