Lifestyle: ဧရာမခြေထောက်ပိုင်ရှင် သတို့သမီး

သူမရဲ့ခြေထောက်တွေက သူမရဲ့ခါးထက်တောင် ကြီးပါတယ်။

play

 

နယူးဂျာစီမှာနေထိုင်တဲ့ ကေတီရာပေ့ဂ်ျဟာ လစ်ပီဒီးမားလို့ခေါ်တဲ့ ခန္ဓာကိုယ်အောက်ပိုင်း အဆီတစ်ရှူးတွေစုတဲ့ ရောဂါဖြစ်ပေါ်နေပြီး သူမခြေထောက်တွေရဲ့လုံးပတ်ဟာ ၅၀ လက်မရှိနေကာ ဆက်လက်ပြီးတော့ ကြီးထွားလာနေပါတယ်။

မခွဲစိတ်ခင်က သူမရဲ့ ခြေထောက်တွေဟာ ၅၄ လက်မအထိတောင် ရှိခဲ့တယ်လို့ ကေတီရာက ဆိုပါတယ်။

play

 

သူမရဲ့ခြေထောက်တွေ ပုံမှန်အတိုင်း ဖြစ်အောင်လုပ်ဖို့က အနည်းဆုံး ခွဲစိတ်ကုသမှု ၁၀ ကြိမ် ပြုလုပ်ရမှာ ဖြစ်ပြီး နှစ်အနည်းငယ်ကြာမှာ ဖြစ်ပါတယ်။

အဲဒီရောဂါကို သူမ မြန်မြန်မကိုင်တွယ်နိုင်ရင် အသက်အန္တရာယ်ပေးနိုင်တဲ့အထိ စိုးရိမ်ရပါတယ်။

သူမှာ ဒီရောဂါရှိကြောင်း လွန်ခဲ့တဲ့ တစ်နှစ်ကမှ စတင်သိရှိခဲ့တာ ဖြစ်ပေမဲ့ သူမရဲ့ခြေထောက်တွေ စတင်ဖောင်းကားလာခဲ့တာ သူမအသက် ၇ နှစ်ကတည်းကဖြစ်ပြီး အသက် ၂၀ ကစလို့ တစ်စတစ်စ သိသိသာသာ ကြီးလာခဲ့တာ ဖြစ်ပါတယ်။

play

 

ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပြီး ခင်ပွန်းလောင်းလည်းရှိတဲ့ ကေတီရာဟာ လှပတဲ့ အနာဂတ်တစ်ခုလည်း ရှိသူဖြစ်ပါတယ်။

"ကျွန်မက စေ့စပ်ပြီးသားပါ။ မကြာခင်လက်ထပ်တော့မှာ။ သူက ကျွန်မကို ဘယ်လိုပုံစံဖြစ်ဖြစ် ချစ်ပါတယ်။ ကျွန်မကသာ ကျွန်မကိုယ်ကျွန် မကောင်းဆုံးပုံစံ ဖြစ်ချင်တာ" လို့ သူမက ဆိုခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ