Lifestyle: မီးဖိုချောင်ထဲမှာ အသုံးဝင်မယ့်နည်း (၅) နည်း

သုံးကြည့်ရင် အဆင်ပြေမယ့် နည်းလေးတွေပါ။

play

 

၁ - စဥ့်နှီးတုံး

စဥ့်နှီးတုံး မျက်နှာပြင်ကို သန့်ရှင်းဖို့ အတွက် သံပုရာသီးနဲ့ ဆားကို သုံးသင့်ပါတယ်။ ဆားကို စဥ့်နှီးတုံးပေါ်မှာ ဖြူးပြီး သံပုရာသီးခြမ်းနဲ့ ပွတ်ပေးကာ ငါးမိနစ်လောက်ထားလိုက်ပါ။ ပြီးရင်တော့ ဆေးချလိုက်ပါ။

၂ - မဂ္ဂဇင်းခွက်

play

 

မဂ္ဂဇင်းထည့်တဲ့ ခွက်လေးတွေကို ရေခဲသေတ္တာထဲ ထည့်သုံးတဲ့အခါ သပ်သပ်ရပ်ရပ်ရှိပါတယ်။ ရေခဲသေတ္တာဟာ အရမ်းရှုပ်ထွေးနေတယ်ဆိုရင် ဒီလိုမျိုး သုံးကြည့်သင့်ပါတယ်။

၃ - ချိတ်

play

 

အိုးတွေ၊ ဒယ်ပြားတွေကို ကြိုးနဲ့ဆွဲပြီး ထားတာက သင့်မီးဖိုချောင်ကို တစ်မျိုး ဆန်းစေပါတယ်။

၎ - အံဆွဲ

play

 

ခရင်းတွေ၊ ဇွန်းတွေကို ဖုန်မတက်ဘဲ သန့်သန့်ရှင်းရှင်းထားဖို့ အံဆွဲလေးထဲ အကန့်လုပ်ပြီး ထည့်ထားသင့်ပါတယ်။ ဇွန်းတွေ၊ ခရင်းတွေကို ရေမဆေးဘဲ ရုတ်တရက် ယူသုံးတတ်ကြပါတယ်။

၅ - ပိုက်

play

 

စားကြွင်းစားကျန်တွေ၊ ဆီတွေနဲ့ ပိုက်ပိတ်တာမျိုးတွေ မဖြစ်ဖို့ မကြာခဏဆိုသလို ရေနွေး လောင်းပေးသင့်ပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ