Lifestyle: အိမ်မှာနေတာက အပြင်ထွက်တာထက် ပိုကောင်းတယ်ဆိုတဲ့ အချက် (၅) ချက်

ကိုယ်စိတ်မပါတဲ့စကားတွေကို ဟန်ဆောင်ပြီးလည်း လိုက်ပြောပေးနေစရာမလိုတော့ပါဘူး။

play

 

၁ - ရွေးချယ်စရာ ပိုရှိ

လူတစ်စု အတူရှိတဲ့အခါ လိုက်လျောရတာတွေ ရှိပါတယ်။ ကိုယ်စားချင်တာ၊ ကိုယ်လုပ်ချင်တာကို ကိုယ့်စိတ်ကြိုက်ရွေးချယ်လို့ မရပါဘူး။ အိမ်မှာ ကိုယ့်ဘာကိုယ်နေမယ်ဆိုရင်တော့ သူများအကြိုက်လိုက်လုပ်ရတဲ့ ဒုက္ခကနေ ကင်းဝေးပါမယ်။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်နေထိုင်လို့ရပါတယ်။

၂ - ပူပန်စရာမလို

တခြားလူကို လိုက်ပူပန်နေစရာ မလိုတော့ပါဘူး။ အိမ်မှာနေတဲ့အခါ ဘာပြောပြော၊ ဘာလုပ်လုပ် တခြားလူကို ထိခိုက်သွားမလားဆိုတာလည်း စိုးရိမ်စရာ မလိုပါဘူး။ စကားဝိုင်းမှာ တစ်ယောက်ယောက်ကို ချန်ထားမိသလိုဖြစ်မှာ၊ ဂရုမစိုက်သလို ဖြစ်မှာတွေလည်း ပူစရာမလိုတော့ပါဘူး။ အိမ်မှာက လွပ်လွပ်လပ်လပ်နေလို့ရပါတယ်။

play

 

၃ - အဓိပ္ပါယ်မရှိတဲ့ စကားများ

အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေစရာ မလိုပါဘူး။ ကိုယ်စိတ်မပါတဲ့စကားတွေကို ဟန်ဆောင်ပြီးလည်း လိုက်ပြောပေးနေစရာ မလိုတော့ပါဘူး။ တစ်ယောက်ယောက်ရဲ့ အပြုအမူတွေကို စိတ်ဝင်စားကြောင်း ပြပေးနေရတာဟာ တကယ်ငြီးငွေ့စိတ်ကုန်စရာ ကောင်းပါတယ်။

၎ - အချိန်မဖြုန်းတော့ဘူး

အချိန်တွေ အလကားဟသ မဖြစ်တော့ပါဘူး။ တစ်ယောက်တည်းနေရတဲ့အခါ လေ့လာစရာရှိတာတွေကို ထိထိရောက်ရောက် လေ့လာနိုင်ပါတယ်။

play

 

၅ - မပင်ပန်းတော့ဘူး

အပြင်ထွက်ပြီး သွားလာနေရတာ မဟုတ်တဲ့အတွက် မပင်ပန်းတော့ပါဘူး။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ