Lifestyle: စိတ်ပျော့တဲ့လူတွေကို ထိခိုက်စေတဲ့ အချက် (၆) ချက်

တစ်ခါတစ်လေ တစ်ယောက်တည်းနေချင်စိတ်က တခြားလူတွေထက် ပိုဖြစ်တတ်ပါတယ်။

play

 

၁ - စိတ်ကစားပွဲ

ပွင့်လင်းမှုမရှိတာ၊ စိတ်ခံစားချက်ကို မပြတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစားတာမျိုးတွေက သူတို့ကို ထိခိုက်စေပါတယ်။ သူတို့က တစ်ဖက်လူ လိမ်နေမှန်းသိပါတယ်။

၂ - တစ်ယောက်တည်းပဲ နေချင်

play

 

တစ်ခါတစ်လေ တစ်ယောက်တည်းနေချင်စိတ်က တခြားလူတွေထက် ပိုဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ တစ်ဖက်လူက ပုံမှန်ပဲ ထင်ပြီး ဆက်ဆံတဲ့အခါ စိတ်တွေ အကဲဆတ်ပြီး ဒေါသထွက်လွယ်ပါတယ်။

၃ - ဝေဖန်မှု

ဝေဖန်ခံရတာဟာ သူတို့အတွက် အမုန်းဆုံးအရာပါ။ စကားလုံးတွေကို သူများထက်ပိုပြီး ခံစားတတ်ပါတယ်။ သူတို့ကို ခိုင်းမယ်၊ ဝေဖန်မယ်ဆိုရင် ပါးနပ်ဖို့လိုပါတယ်။

၎ - ပျော်စရာရှိတာ ပျော်မယ်

play

 

ချစ်တဲ့အချိန်မှာ ချစ်ကြောင်းပြတာ၊ ခင်တဲ့အချိန်မှာ ခင်ကြောင်းပြတာ၊ ပျော်တဲ့အချိန်မှာ ပျော်ကြောင်းပြတာမျိုးကိုပဲ သဘောကျပါတယ်။ လိုက်ပြီးကန့်သတ် ထိန်းသိမ်းနေတာမျိုးကို သဘောမကျပါဘူး။

၅ - မကြိုးစားနဲ့

စိတ်ပျော့တတ်တဲ့ သူတို့အကျင့်ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ဒီလိုကြိုးစားမိရင် ပြဿ     နာ တက်ရတတ်ပါတယ်။ သူတို့ဘာနေ သူတို့ စိတ်ဓာတ်မာကျောလာဖို့ အချိန်တစ်ခု ပေးရပါတယ်။

၆ - အသစ်

play

 

အသစ်တစ်ခုခုကို လုပ်ရမှာကို နှောင့်နှေးတတ်ပါတယ်။ လုပ်ပြီဆိုရင်လည်း တော်ရုံနဲ့ နောက်မလှည့်တော့ပါဘူး။ အသစ်တစ်ခုခုကိုလုပ်ဖို့ အားပေးချင်တယ်ဆိုရင်လည်း ပါးနပ်ဖို့လိုပါတယ်။ သူ့ကို အထင်သေးတယ်၊ သဘောမကျဘူးလို့ ထင်သွားတတ်ပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ