Lifestyle: အိုဗာတင်းရဲ့ ဒုတိယ နဲ့ တတိယမြောက် သိန်း (၁၀၀) ကံထူးရှင်များ ထွက်ပေါ်

အိုဗာတင်းမှ ကျပ်သိန်း (၁၀၀) ကံစမ်းမဲအစီအစဉ်အနေနဲ့ အိုဗာတင်းရဲ့ တစ်ခါသောက် ၂၀ ဂရမ်အထုပ်ငယ်တွေထဲမှာ ကျပ်သိန်း (၁၀၀) ဆု ဆယ်ဆုအထိ ထည့်သွင်းပေးထားရာမှာ အခုဆိုရင် ဒုတိယ နဲ့ တတိယမြောက် သိန်း(၁၀၀) ကံထူးရှင်တွေ ထပ်မံပေါ်ထွက်လို့လာပါပြီ။

အိုဗာတင်းမှ ကျပ်သိန်း (၁၀၀) ကံစမ်းမဲအစီအစဉ်အနေနဲ့ အိုဗာတင်းရဲ့ တစ်ခါသောက် ၂၀ ဂရမ်အထုပ်ငယ်တွေထဲမှာ ကျပ်သိန်း (၁၀၀) ဆု ဆယ်ဆုအထိ ထည့်သွင်းပေးထားရာမှာ အခုဆိုရင် ဒုတိယ နဲ့ တတိယမြောက် သိန်း(၁၀၀) ကံထူးရှင်တွေ ထပ်မံပေါ်ထွက်လို့လာပါပြီ။

အဲဒီလို အိုဗာတင်းရဲ့ ဒုတိယမြောက် သိန်း(၁၀၀) ဆုကို ဆွတ်ခူးသွားနိုင်သူကတော့ တိုက်ကြီးမြို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုလင်းထင်ပဲ ဖြစ်ပါတယ်။

play

 

ကိုလင်းထင်နဲ့ သူ့ရဲ့ဇနီးတို့ဟာ နေမကောင်းတဲ့ သားဖြစ်သူကို တိုက်ဖို့အတွက် ၀ယ်ယူတဲ့ အိုဗာတင်း ၂၀ ဂရမ်အထုပ်ငယ် အတွင်းကနေ သိန်း ၁၀၀ ဆုကို ဆွတ်ခူးသွားနိုင်ခဲ့တာပါ။

ကိုလင်းထင်ဟာ သားဖြစ်သူကို ဆေးခန်းပြပြီးနောက် ကုန်စုံဆိုင်တစ်ခုမှာ အိုဗာတင်းအထုပ်ငယ် ၃ ထုပ်သွားရောက်ဝယ်ယူခဲ့ပါတယ်။

ဒါပေမဲ့ ဆိုင်မှာ အိုဗာတင်းအထုပ်ငယ်တစ်ထုပ်သာ ရှိတော့တဲ့အတွက် အဲဒီမှာရှိတဲ့ တစ်ထုပ်ကိုပဲ ၀ယ်ယူခဲ့ရာမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သိန်း ၁၀၀ ဆုကို ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ကိုလင်းထင်ကျပ်သိန်း ၁၀၀ ကံထူးခဲ့တဲ့ အိုဗာတင်း ၂၀ ဂရမ်အထုပ်ငယ်ကို ရောင်းချပေးခဲ့တဲ့ ရွှေအိမ်စံ ကုန်စုံဆိုင်ကိုလည်း အိုဗာတင်းက ငွေကျပ် ၁ သိန်းနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ပါတယ်။

အိုဗာတင်းရဲ့ တတိယမြောက် ကျပ်သိန်း ၁၀၀ ကံထူးရှင်ကတော့ မွန်ပြည်နယ်၊ မုဒုံမြို့က အဋ္ဌမတန်းကျောင်းသူလေး မမြတ်ဖူးဝေ ဖြစ်ပါတယ်။

play

 

မမြတ်ဖူးဝေဟာ မနက်တိုင်း အိုဗာတင်းကို ပုံမှန်သောက်လေ့ရှိသူဖြစ်ပြီး အခုလည်း မနက်ခင်း ပုံမှန်သောက်နေကျအတိုင်း အိုဗာတင်းသောက်ဖို့အတွက် ၂၀ ဂရမ်အထုပ်ငယ်တစ်ထုပ်ကို ဖောက်လိုက်တဲ့အချိန်မှာ ကျပ် သိန်း ၁၀၀ ဆုကို ကံထူးသွားခဲ့တာပါ။

မမြတ်ဖူးဝေ သိန်း ၁၀၀ ကံထူးတဲ့ အိုဗာတင်း ၂၀ ဂရမ်အထုပ်ငယ်ကို ရောင်းချပေးနိုင်ခဲ့တဲ့ မုဒုံမြို့ ရွှေဟင်္သာဈေးကြီးထဲက မသန်းထွေးကုန်စုံဆိုင်ကိုလည်း အိုဗာတင်းက ငွေကျပ် ၁ သိန်းနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ တို့ကို ချီးမြှင့်ခဲ့ပါတယ်။

ယခုအချိန်မှာ အိုဗာတင်းရဲ့ ပထမဆုံး သိန်း(၁၀၀)ဆု ၃ ဆုထွက်ပေါ်သွားပြီဖြစ်ပေမဲ့ ကျပ် သိန်း(၁၀၀) ဆု (၇) ဆု ကျန်ရှိနေပါသေးတယ်။

အိုဗာတင်းရဲ့ကံစမ်းမဲကာလက ၂၀၁၆ ခုနှစ်၊ ဇွန်လ မှ သြဂုတ်လအထိ ဖြစ်ပြီး သိန်း ၁၀၀ ကံထူးရှင်များအနေနဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၊ ၃၀ ရက်နေ့နောက်ဆုံးထားပြီး ထုတ်ယူရမှာဖြစ်တယ်လို့ အိုဗာတင်းရဲ့ ကြေညာ ထားချက်အရ သိရပါတယ်။

အိုဗာတင်းရဲ့ ဒုတိယ နဲ့ တတိယမြောက် သိန်း (၁၀၀) ကံထူးရှင်တွေ နဲ့ MRTV 4 တို့တွေ့ဆုံ မေးမြန်းထားတဲ့ ဗွီဒီယိုကိုအောက်ပါ link တွေမှာကြည့်ရှု့နိုင်ပါတယ်။

 

ဒုတိယမြောက်ကံထူးရှင်နှင့်တွေ့ဆုံမေးမြန်းမှုဗွီဒီယိုကြည့်ရန်

တတိယမြောက်ကံထူးရှင်နှင့်တွေ့ဆုံမေးမြန်းမှုဗွီဒီယိုကြည့်ရန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ