Lifestyle: ရင်သက်ရှုမောဖွယ် ရေအောက်အက

ဖော်ချွတ်အကမယ်တစ်စုက သူတို့ရဲ့ကျွမ်းကျင်မှုကို ပြသခဲ့တာ ဖြစ်ပါတယ်။

play

 

ကျွမ်းကျင်ဓာတ်ပုံဆရာ ဘရက်တ်စတန်လေဟာ ဖော်ချွတ်ကလပ်တစ်ခုမှာ အကမယ်တွေရဲ့ လှုပ်ရှားမှုကို ဓာတ်ပုံရိုက်ယူခဲ့ပြီးတဲ့နောက် အဲဒီအကကို ရေအောက်မှာ ရိုက်ကူးချင်စိတ် ပေါ်လာခဲ့ပါတယ်။

play

 

"ကျွန်တော် ကျွမ်းကျင်ဓာတ်ပုံဆရာတစ်ယောက်နဲ့ အလုပ်တွဲလုပ်စဉ်က အကမယ်တွေနဲ့ ကျွမ်းဘားမယ်တွေကို ဓာတ်ပုံရိုက်ပေးရတယ်။ သူတို့ကို ရေအောက်မှာ ရိုက်ကူးရရင် သိပ်လှမှာပဲလို့ အဲဒီတည်းကစပြီး စိတ်ကူးမိလာတယ်" လို့ လော့ဆန်းဂျလိစ်မှာ နေထိုင်တဲ့ ဘရက်တ်က ပြောပါတယ်။

play

 

ဘရက်တ်ဟာ အခုဆိုရင် သူ့ရဲ့စိတ်ကူးကို အပျော်တမ်း အကမယ်လေးတွေနဲ့ အကောင်အထည်ဖော်ခဲ့ပါတယ်။

"တချို့အကမယ်တွေဆိုရင် ရေတောင် မကူးတတ်ဘူး။ သူတို့ရဲ့ စိတ်ပါဝင်စားမှုကို တကယ်ပဲ အံ့သြမိပါတယ်" လို့ သူက ဆိုပါတယ်။

play

 

ဓာတ်ပုံမရုက်ခင် လအနည်းငယ်အလိုကတည်းကက ဘရက်တ်ဟာ အကမယ်တွေကို ရေအောက်မှာ အသက်ဘယ်လိုအောင့်ရမလဲဆိုတာ သင်ပေးခဲ့ပြီး အကောင်းဆုံး ပို့စ်တွေကို ရရှိနိုင်ဖို့ ပူးပေါင်းလုပ်ဆောင်ခဲ့ရပါတယ်။

play

 

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ