Lifestyle: သေဆုံးသွားတဲ့ နှလုံးအလှူရှင် သမီးရဲ့ နှလုံးခုန်သံကို နားထောင်နေတဲ့ ဖခင်

သမီးရဲ့နှလုံးကို အစားထိုးထားတဲ့ ကောင်လေးရဲ့နှလုံးခုန်သံကို နားထောင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဖလော်ရီဒါမှာနေထိုင်တဲ့ ကိတ်လင်းဇင်မာမန်းနဲ့ သူမရဲ့ မောင်လေး ဒိုင်လန်ုတိ့ဟာ သူတို့အိမ်အနီးမှာ စက်ဘီးစီးနေတုန်း အရက်မူးပြီး ကားမောင်းလာသူတစ်ဦးက သူတို့ကို ကားနဲ့ တိုက်သွားခဲ့ပါတယ်။

ကားနဲ့တိုက်ခံလိုက်ရတဲ့ မတ်လ ၉ ရက်နေမှာပဲ ကိတ်လင်းက သေဆုံးသွားခဲ့ပြီး ဒိုင်လန်မှာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့အတွက် ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ အသက်မရှင်ခဲပါဘူး။

အလွန်ဆိုးရွားပြီး ဝမ်းနည်းစရာကောင်းတဲ့အချိန်ဖြစ်သော်လည်း မိဘနှစ်ပါးဟာ သူတို့ရဲ့သားမီးတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိ လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

play

 

ကိတ်လင်းရဲ့ နှလုံးကို သေလုမြောပါးဖြစ်နေခဲ့တဲ့ အလီဂျက်ဖာရီကို ပေးခဲ့ပြီး ကိတ်လင်းသေဆုံးပြီး နောက်နေ့မှာ အောင်မြင်စွာ အစားထိုးကုသနိုင်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက နှလုံးကြွက်သားရောဂါရှိနေတဲ့ အလီအတွက် နှလုံးအစားထိုးကုသမှသာ အသက်ရှင်နိုင်မယ့် အခြေအနေပါ။

ဇူလိုင်လ ၂၅ ရက်မှာတော့ အလီမိသားစုနဲ့ ဇင်မာမန်းဇနီးမောင်နှံ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပြီး ကိတ်လင်းနဲ့ ဒိုင်လန်တို့ရဲ့ဖခင် ရှောင်ဟာ အလီရဲ့ ခန္ဓာကိုယ်ထဲမှာရောက်နေတဲ့ ကိတ်လင်းရဲ့နှလုံးခုန်သံကို နားထောင်နေပုံက မြင်သူတိုင်းကို မျက်ရည်ဝိုင်းစေခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ