Lifestyle: ဆယ်လီတွေနဲ့ တစ်ပုံစံတည်းတူအောင် မျက်နှာပန်းချီဆွဲနိုင်သူ

ဈေးဝယ်သူတွေက သူမကို ဇေးမောလစ်လို့ ထင်ခဲ့ကြပါတယ်။

play

 

ပန်းချီဆရာမ အဲလစ်ရှာဂိုးဗက်စ်ဟာ One Direction အဆိုတော်ဟောင်း ဇေးမောလစ်နဲ့တူအောင် မျက်နှာပန်းချီဆွဲပြီး ဈေးဆိုင်တွေထဲကို ဝင်ခဲ့တာဖြစ်ပြီး မြင်သူတိုင်းက သူမကို ဇေးလို့ ထင်ခဲ့ကြပါတယ်။

play

 

အဲလစ်ရှာဟာ ဇေးမောလစ်ပုံနဲ့ ဒူဘိုင်းမြို့က ရှောပင်းမောတွေထဲကို ဝင်ရောက်ခဲ့ကာ လူတိုင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပုံကို ဗီဒီယိုပြုလုပ်ထားပါတယ်။

"မိတ်ကပ်ဆိုတာ အလှအပတစ်ခုအတွက်တင် မဟုတ်ဘူး။ ကျွမ်းကျင်မှုလည်းဖြစ်တယ်။ ဒါကို မြင်ပြီးတဲ့နောက် ဒီကိစ္စကိုလက်မခံလို့ မရပါဘူး" အဲလစ်ရှာက အဲဒီဗီဒီယိုထဲမှာ ပြောထားပါတယ်။

play

 

အသက် ၂၃ နှစ်အရွယ် အဲလစ်ရှာအတွက် ဇေးမောလစ်ရဲ့ မျက်နှာပန်းချီက ပထမဆုံး မဟုတ်ပါဘူး။ ကာညေးဝက်စ်နဲ့ Game of Thrones ဇာတ်ကားထဲက ဂျွန်းစနိုးတို့ရဲ့ပုံစံလည်း သူမက မိတ်ကပ်နဲ့ ပြင်ပြီး တူညီအောင် လုပ်နိုင်ခဲ့ပါတယ်။

play

 

နယ်လ်ဆန်မန်ဒဲလားနဲ့ မာသာထရီဆာတို့ပုံစံကိုလည်း သူမက ရအောင် ဖန်တီးခဲ့ဖူးပါတယ်။

play

 

Source & Phootos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ