Lifestyle: အရပ်ပုခြင်းက ကောင်းတယ်ဆိုတာ ငြင်းမရနိုင်တဲ့ အချက် (၄) ချက်

၅ ပေ ၇ လက်မအောက် ယောက်ျားပေါင်း ၃၂ ရာခိုင်နှုန်းဟာ သာမန်အရပ်ရှိတဲ့လူတွေထက် အိမ်ထောင်ကွာရှင်းမှု နည်းပါတယ်။

play

 

၁ - ကင်ဆာ

ရင်သားနဲ့ အရေပြားကင်ဆာလိုမျိုး ကင်ဆာတွေဟာ အရပ်ပုတဲ့လူတွေထက် အရပ်ရှည်တဲ့ လူတွေမှာ ပိုအဖြစ်များနိုင်တယ်လို့ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ တွေ့ရှိထားပါတယ်။ အဆိုပါသုတေသနဟာ လူပါင်း ငါးသန်းကို လေ့လာခဲ့တာဖြစ်တယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။

၂ - အိမ်ထောင်ရေး

New York တက္ကသိုလ်က ပြုလုပ်ထားတဲ့ သုတေသနတစ်ခုအရ အရပ်ပုတဲ့ ယောက်ျားတွေဟာ အိမ်ထောင်ရေးမှာ ပိုခိုင်မြဲကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ၅ ပေ ၇ လက်မအောက် ယောက်ျားပေါင်း ၃၂ ရာခိုင်နှုန်းဟာ သာမန်အရပ်ရှိတဲ့လူတွေထက် အိမ်ထောင်ကွာရှင်းမှု နည်းပါတယ်။

play

 

၃ - ပိုပြေးနိုင်

အရပ်ပုတဲ့လူတွေက ပိုပြေးနိုင်ပါတယ်။ အရပ်ရှည်တဲ့လူတွေကတော့ ရေကူးလို အားကစားမျိုးနဲ့ သင့်လျော်ပါတယ်။

play

 

၎ - အသက် ပိုရှည်

 PLOS One ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုအရ အရပ်ပုတဲ့လူတွေဟာ ရွယ်တူအရပ်ရှည်တဲ့လူတွေထက် ပိုအသက်ရှည်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူမျိုး ကွာခြားမှုကို ထည့်တွက်မထားတာကြောင့် ထပ်မံသုတေသနပြုဖို့ လိုနေပါတယ်။

Photos & Source: Huffington

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ