Lifestyle: မကြာခင် လမ်းခွဲရတော့မယ်လို့ ပြောနေတဲ့ လက္ခဏာ (၈) ချက်

ဒီလက္ခဏာတွေ ပြနေပြီဆိုရင်တော့ လမ်းခွဲချိန်ဟာ မကြာခင်မှာ ရောက်လာနိုင်ပါတယ်။

play

 

လမ်းခွဲခြင်းဟာ ပြင်းပြင်းထန်ထန် နာကျင်ခံစားရတဲ့ ဝေဒနာတစ်ခု ဆိုပေမဲ့ တခါတရံမှာ နှစ်ဖက်စလုံးအတွက် ပိုကောင်းတဲ့ အခြေအနေကို ရောက်သွားဖို့ လမ်းခွဲလိုက်ရတာမျိုး ရှိပါတယ်။ ဒါကြောင့်လည်း အဆင်ပြေ ခိုင်မြဲကြာရှည်တဲ့ အချစ်ရေးကို လူတိုင်းလိုလားကြတာပါ။

သင်တို့ အချစ်ရေးမှာ ဒီလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ လမ်းခွဲဖို့ အချိန်အချိန်ရောက်ပြီလို့ သိထားလိုက်ပါ။

၁။ ခဏခဏ ငိုရခြင်း

play

 

အချစ်ရေးတိုင်းလိုလို ရန်ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ သင်ခဏခဏ ငိုနေရပြီဆိုရင်တော့ သိပ်ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဒါဟာ သင်မပျော်ရတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

၂။ အပြင်တွေ ခဏခဏ ထွက်မယ်

ကိုယ့်ရဲ့ ချစ်သူနားမှာ နေဖို့ထက် အလုပ်ကမိတ်ဆွေတွေ၊ သူငယ်ချင်းတွေ လာခေါ်သမျှ မငြင်းဘဲ လိုက်တတ်နေပြီဆိုရင်လည်း လမ်းခွဲချိန် ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ သူ့အနားမှာနေဖို့က သင့်အတွက် ပထမ မဟုတ်တော့လို့ပါ။

၃။ အနာဂတ်မရှိဘူး

play

 

အရင်က တွေးကောင်းတွေးခဲ့ဖူးနိုင်ပေမဲ့ အခု သင်တို့နှစ်ယောက်ရဲ့ အနာဂတ်ဟာ ဘာမှမသေချာ ဖြစ်နေပြီဆိုရင်လည်း မကောင်းတော့ပါဘူး။

၎။ စကားပြောလို့ မရတော့ဘူး

နှစ်ယောက်တည်း စကားပြောတဲ့အခါ အမြဲပဲ အဆင်မပြေ ဖြစ်နေပြီဆိုရင်လည်း ဒါဟာ မကြာခင် လမ်းခွဲရတော့မယ့် လက္ခဏာ ဖြစ်ပါတယ်။

၅။ မတွေ့အောင် ရှောင်နေရမယ်

play

 

သူနဲ့ တွေ့ရင်အဆင်မပြေ ဖြစ်ရလွန်းလို့ မတွေ့အောင် ရှောင်နေရသလို၊ စကားများမှာကိုလည်း သတိကြီးကြီး ထားနေရပြီဆိုရင် လမ်းခွဲရတော့မယ့် လက္ခဏာပါပဲ။

၆။ သူမပါတဲ့ အနာဂတ်ကို စဉ်းစားမိနေပြီ

သူနဲ့ အဆင်မပြေဖြစ်လွန်းတဲ့အတွက် သူမပါတဲ့ အနာဂတ်ဟာ ဘယ်လိုမျိုးလဲလို့ သင်စိတ်ကူးယဉ်ကောင်း ယဉ်ကြည့်မိပါလိမ့်မယ်။ အဲဒီလို စဉ်းစားမိနေပြီဆိုရင်လည်း သူနဲ့သင့်ရဲ့ လမ်းဆုံးစာ နီးကပ်နေပါပြီ။

၇။ လက်မခံနိုင်တာ များလာမယ်

play

 

သူ့ရဲ့အပြုအမူတွေဟာ သင့်အတွက် လက်မခံနိုင်တာတွေများလာမယ်။ ပြဿနာ ကြီးကြီးမားမား မရှိသည့်တိုင်အောင် အသေးအဖွဲတွေကအစ အဆင်မပြေဖြစ်တာ များနေပြီး သင့်အတွက် ဒါဟာမှားယွင်းနေပြီလို့ ယူဆရင်လည်း လမ်းခွဲချိန်ဟာ မကြာတော့ပါဘူး။

၈။ မခံစားစေချင်လို့

သင့်မှာ ဘာခံစားချက်မှ မရှိတော့ဘဲ သူမခံစားစေချင်လို့ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ ခရီးဆက်နေတာ ဆိုရင်လည်း မကြာခင် လမ်းခွဲချိန် ရောက်တော့မယ်ဆိုတာ သိထားရတော့မှာပါ။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ