Lifestyle: ပိုင်ရှင်မဲ့ခွေးလေးတွေကို ကယ်တင်ဖို့ ပြည်ပအထိသွားခဲ့တဲ့ အမျိုးသမီး (၅) ဦး

ပေါင် ထောင်နဲ့ချီလည်း အကုန်အကျခံခဲ့ကြပါတယ်။

play

 

လမ်းဘေးခွေးလေးတွေကို ဘယ်သူမှ မလိုချင်ပေမဲ့ အကြင်နာတရားကြီးမားတဲ့ ဗြိတိန်နိုင်ငံသူတွေကတော့ တခြားသူတွေနဲ့ မတူခဲ့ပါဘူး။

၁။ ဂျင်နီဒေးဗစ်

play

 

အသက် ၆၁ နှစ်အရွယ် ဂျင်နီဒေးဗစ်ဟာ ဂရိကျွန်းလေးတစ်ကျွန်းဖြစ်တဲ့ ခရိကျွန်းမှာ ၂၀၁၂ ခုနှစ်က သူမတွေ့ခဲ့တဲ့ ခွေးလေး ဂျူနိုကို အိမ်ခေါ်လာဖို့ ပေါင် ၁,၇၁၃ အကုန်အကျခံခဲ့ပါတယ်။

အိမ်ခြေရာမဲ့ ခွေးလေးကို သနားချစ်ခင်စိတ်နဲ့ ခေါ်ယူလာခဲ့တဲ့ သူမဟာ အခုဆိုရင် ခွေးလေး ဂျူနိုမရှိရင် မနေတတ်တော့ပါဘူးတဲ့။

၂။ အမန်ဒါလိစ်

play

 

ရိုမေးနီးယားက လမ်းဘေးခွေး ၇ ကောင်ကို ခေါ်ယူဖို့အတွက် အသက် ၄၅ နှစ်အရွယ် အမန်ဒါဟာ ပေါင် ၇,၀၀၀ အသုံးပြုခဲ့သူ ဖြစ်ပါတယ်။

၃။ အန်းနက်ဂစ်ဘ်ဆန်

play

 

နာတာရှည်ဆေးရုံက သူနာပြုဆရာမလေး အန်းနက်ဟာ ထိုင်းနိုင်ငံက ခွေးလေးနှစ်ကောင်ကို ဗြိတိန်ကိုခေါ်ယူဖို့  ပေါင် ၁,၄၈၀ အကုန်အကျခံခဲ့သူပါ။

သူမဟာ ၂၀၁၃ ခုနှစ်မှာ ထိုင်းနိုင်ငံက ခွေးလေခွေးလွင့်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့အကြောင်းကို ဖေ့စ်ဘွတ်ခ်မှာ မြင်တွေ့ခဲ့ပြီးနောက် အဲဒီအဖွဲ့နဲ့ ဆက်သွယ်ကာ စကူဘီနဲ့ အန်နီဆိုတဲ့ ခွေးလေးနှစ်ကောင်ကို မွေးစားခဲ့တာ ဖြစ်ပါတယ်။

၎။ ဂျာရယ်လ်ဒါမွိုက်စ်

play

 

ဂျယ်ရယ်လ်ဟာ ထိုင်းနိုင်ငံက ခွေးလေး ဘလွန်းကို မွေးစားဖို့အတွက် သူမပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုတောင် ရောင်းချခဲ့တာ ဖြစ်ပါတယ်။

သူမဟာ ပိုင်ရှင်မဲ့ခွေးလေးကို ဖေ့စ်ဘွတ်မှာ မြင်တွေ့ခဲ့တာဖြစ်ပြီး ဘလွန်းလေးကို ခေါ်ယူဖို့ ဘန်ကောက်အထိ အရောက်သွာားခဲ့တာ ဖြစ်ပါတယ်။

အဲဒီခွေးလေးကို ခေါ်ယူဖို့ သူမဟာ ၆,၆၄၉ ပေါင်တောင် သုံးခဲ့ရတာပါ။

၅။ နာတာလီရာဂျော့ဂ်ျ

play

 

အသက် ၂၆ နှစ်အရွယ် နာတာလီရာဟာ နေ့ခွေးထိန်း ကုမ္ပဏီတစ်ခုကို ဖွင့်ထားသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ထိုင်း ခွေးသားကုန်သွယ်မှုကနေ မစ်ရှ်ကာကို ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

နာတာလီရာဟာ ရိုမေးနီးယားက ဖလောရန့်ဆိုတဲ့ ခွေးလေးတစ်ကောင်ကိုလည်း မွေးစားထားပါတယ်။

အဲဒီခွေးလေးနှစ်ကောင်ကို ဗြိတိန်အထိ ခေါ်ယူ မွေးစားနိုင်ဖို့အတွက် သူမဟာ ပေါင် ၁၃,၀၀၀ တောင် အသုံးပြုခဲ့ရပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ