Lifestyle: သင့်မှာ အနည်းဆုံး တစ်ခုတော့ရှိသင့်တဲ့ ဝါသနာ (၆) မျိုး

တစ်ချို့တွေက တစ်နှစ်ကို တစ်ခါ ဒါမှမဟုတ် နှစ်ခါလောက် ခရီးသွားဖို့ ပိုက်ဆံစုထားတတ်ကြပါတယ်။

play

 

၁ - တူရိယာ

ဂစ်တာ၊ တယော၊ စန္ဒားယား စတဲ့တူရိယာတစ်မျိုးမျိုးကို အတီးသင်သင့်ပါတယ်။ တူရိယာတစ်ခုခုကို တီးရတာဟာ စိတ်ပိုင်းဆိုင်ရာကို သိမ်မွေ့စေပြီး ဦးနှောက်ကို လှုံ့ဆော်နိုင်စွမ်း ရှိပါတယ်။ တူရိယာတစ်ခုကို တီးမှုတ်တတ်ဖို့ သင်ယူရတာဟာ စိတ်ရှည်မှု၊ အာရုံစိုက်နိုင်မှု စတဲ့ တစ်ကိုယ်ရည်စွမ်းရည်တွေကိုလည်း အားကောင်းစေပါတယ်။

၂ - စာဖတ်ခြင်း

play

 

စာဖတ်ခြင်းဟာ လူတစ်ဦးအတွက် မရှိမဖြစ်ဆိုတာဟာ ပြောစရာမလိုတော့ပါဘူး။ ဒါပေမဲ့ သာမန်စာဖတ်တာမျိုး မဟုတ်ဘဲ နှစ်နှစ်ကာကာ စွဲဖတ်တဲ့ ဝါသနာမျိုးပါ။ ဘာဖတ်ရမှန်းမသိရင် ကိုယ်ကြိုက်တာကို စဖတ်ပါ။ စဖတ်တဲ့အခါမှာ အများကြီးဖတ်ပါ။

၃ - တရားထိုင်ခြင်း

play

 

တရားထိုင်တာမျိုးတင်မကဘဲ ငြိမ်ငြိမ်လေးနေပြီး တစ်စုံတစ်ခုဆီ အာရုံပြုထားတာ ဖြစ်ပါတယ်။ အခြားအလေ့အကျင့်တွေလို စစခြင်းမှာ ခက်ခဲပေမဲ့ အကျင့်ဖြစ်သွားတဲ့ အခါ စိတ်ဖိစီးမှုတွေ လျော့ကျကာ တည်ငြိမ်မှုကို ရရှိစေပါတယ်။ အချိန်ကြာလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လာနိုင်ပါတယ်။

၎ - လေ့ကျင့်ခန်း

play

 

လေ့ကျင့်ခန်းလုပ်တဲ့ ဝါသနာမျိုးလည်း ရှိသင့်ပါတယ်။ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားရတဲ့ အားကစား တစ်ခုတော့ ပုံမှန် လုပ်သင့်ပါတယ်။ သွေးလည်ပတ်မှု ကောင်းစေပြီး ဦးနှောက်ကိုလည်း အထောက်အပံ့ဖြစ်စေပါတယ်။

၅ - ဘာသာစကားသစ်

play

 

ဘာသာစကားသစ်လေ့လာတာဟာ လက်တွေ့ဘဝမှာ အကျိုးများစွာ ဖြစ်ထွန်းပါတယ်။ အလုပ်တစ်ခုလို မလေ့လာဘဲ ဝါသနာတစ်ခုလို လေ့လာသင့်ပါတယ်။

၆ - ခရီးသွား

play

 

တစ်ချို့တွေက တစ်နှစ်ကို တစ်ခါ ဒါမှမဟုတ် နှစ်ခါလောက် ခရီးသွားဖို့ ပိုက်ဆံစုထားတတ်ကြပါတယ်။ နေရာသစ်တစ်ခုကို သွားရခြင်းဟာ သင့်ရဲ့ငြီးငွေ့မှုကို ပျောက်ကွယ်စေပါတယ်။ သင့်ကိုယ်သင် ပြန်လည်သုံးသပ်မိပါတယ်။ လတ်ဆတ်သစ်လွင်တဲ့ ခံစားမှုကို အပြင်ကမ္ဘာကြီးက ရရှိယုံတင်မကဘူး ကိုယ့်ကိုယ်ကိုယ်ကပါ ပြန်လည် ရရှိပါတယ်။ ခရီးသွားတဲ့ဝါသနာကလည်း ရှိသင့်တဲ့ ဝါသနာပါ။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ