Lifestyle: အနေအေးသူတွေကို လူတွေပိုခင်ရတဲ့ အကြောင်းအရင်း (၅) ခု

နဂိုကကို အနေအေးတာကြောင့် စကားအများကြီး မပြောဘဲ တစ်ဖက်သားစကားကိုပဲ နားထောင်နေတတ်သူပါ။

play

 

၁ - မပြောဘူး

အနေအေးသူတွေက စကားအများကြီး ပြောသူတွေ မဟုတ်ပါဘူး။  သူတို့စကားအများကြီးပြောပြီဆိုရင် တကယ်လေးနက်လို့ဖြစ်ပါတယ်။ သူတို့ကိုလည်း လေးလေးနက်နက်ပြောလို့ရပြီး တခြားလူကို ပြန်ပြောမှာလည်း စိတ်ပူစရာမရှိပါဘူး။  ဒီအချက်ကြောင့် သူတို့ဟာ နက်ရှိုင်းတဲ့ ချစ်ခင်မှုမျိုး ရတတ်ပါတယ်။

၂ - အကုန်လုံးနဲ့တည့်တယ်

အနေအေးတာကြောင့် အကုန်လုံးနဲ့တည့်တာကလည်း ပေါင်းသင်းဆက်ဆံရေးမှာ သူတို့ရဲ့ အားသာချက်ဖြစ်ပါတယ်။

play

 

၃ - တည်ငြိမ်တယ်

အတိုက်အခိုက်တွေရှိလာရင်လည်း သူတို့က အေးဆေးတည်ငြိမ်ပါတယ်။  ပြဿ     နာကို မကြီးထွားချင်သူတွေဖြစ်တာကြောင့် နှစ်ဖက်စလုံး အဆင်ပြေမယ့်နည်းကို ကြိုးစားရှာဖွေတတ်ပါတယ်။ တစ်စုံတစ်ဦးပေါ်မမျှမတ ဖြစ်မှာမျိုးကိုလည်း သူတို့က မလိုချင်ပါဘူး။

၎ - လျှို့ဝှက်သူ

သူတို့ကြည့်ရင် တည်ငြိမ်ပြီး လျှို့ဝှက်သလို ခံစားရပါတယ်။ ဒါကြောင့် သူတို့အကြောင်း လူတွေက သိချင်တတ်ပါတယ်။ သူတို့နဲ့ စကားပြောကြည့်ချင်ကြပါတယ်။

play

 

၅ - နားထောင်သူ

တစ်ဖက်သား စကားကို နားထောင်ရမှာ သူတို့လောက်စိတ်ရှည်သူ မရှိပါဘူး။ နဂိုကကို အနေအေးတာကြောင့် စကားအများကြီး မပြောဘဲ တစ်ဖက်သားစကားကိုပဲ နားထောင်နေတတ်သူပါ။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ