Lifestyle: မိကျောင်းကြည့်ဖို့ သမီးကို ရေအောက်ခေါ်သွားတဲ့ ဓာတ်ပုံဆရာ

စိတ်လှုပ်ရှားစရာအကောင်းဆုံး ခရီးစဉ်တစ်ခုပါပဲ။

play

 

Alert Diver မဂ္ဂဇင်းထုတ်လုပ်သူ အသက် ၆၇ နှစ်အရွယ် စတီဖင်ဖရင့်ခ်ဟာ ကျူးဘားကို ဓာတ်ပုံရိုက်ထွက်စဉ်မှာ အသက် ၂၃ နှစ်အရွယ် သမီးဖြစ်သူ အလက်ဇာကို ခေါ်သွားပြီး ရေသတ္တဝါကြီးတွေကို အနီးကပ် ပြသခဲ့ပါတယ်။

play

 

သူတို့တွေဟာ ကျူးဘားကမ်းခြေနဲ့ မိုင် ၅၀ အကွာမှာရှိတဲ့ ပင်လယ်သတ္တဝါကြီးတွေ ကျက်စားရာ Jardines de la Reina ကျွန်းစုကို သွားရောက်ခဲ့ကြတာပါ။

play

 

ဖလော်ရီဒါမှာ နေထိုင်တဲ့ သဘာဝတိရစ္ဆာန်ဓာတ်ပုံဆရာ ဖရင့်ခ်ဟာ အပူပိုင်းဇုံရေပြင်ထဲမှာ ငါးမန်းမျိုးစိတ်တချို့ရဲ့ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။

အိမ်ပြန်ရောက်ချိန်မှာတော့ ဖရင့်ခ်ဟာ သူ့သမီးနဲ့ မိကျောင်းတစ်ကောင် ရေအတူကူးနေပုံကို အင်စတာဂရမ်မှာ မျှဝေခဲ့ပါတယ်။

play

 

"အခုပဲ ကျူးဘားက ပြန်လာတာ။ ဒီမှာ ကျွန်တော့်သမီး အလက်ဇာက သူငယ်ချင်းသစ် ရခဲ့တယ်" လို့ ပုံအောက်မှာ သူက စာရေးထားပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ