Lifestyle: သင့်အိပ်ခန်းကို သန့်ရှင်းလျှင် ရမယ့် အကျိုးကျေးဇူး (၅) ခု

ရှင်းလင်းတဲ့ အခန်းမှာနေရတာဟာ စိတ်ဖိစီးမှုနည်းပါတယ်။

play

 

၁ - အချိန်မီ

လုပ်ရမယ့် အလုပ်ကို အချိန်မီလုပ်ရပါတယ်။ ဟိုပစ္စည်းရှာ ၊ ဒီပစ္စည်းရှာ လုပ်နေစရာ မလိုတော့ပါဘူး။ အလုပ်နောက်ကျမှာတွေကိုလည်း ပူစရာ မလိုတော့ပါဘူး။

၂ - အလုပ်တွင်

အခန်းသန့်ရှင်းနေတာကြောင့် အလုပ်လည်း ပိုတွင်ပါတယ်။ မနက်မိုးလင်းလင်းချင်း အိပ်ရာကိုရှင်းလင်းတာ၊ အခန်းကို ရှင်းလင်းလိုက်တာဟာ စုစည်းတည်ငြိမ်တဲ့ စိတ်ကိုလည်း ရစေပါတယ်။

play

 

၃ - စိတ်ရှင်းတယ်

ရှင်းလင်းတဲ့ အခန်းမှာနေရတာဟာ စိတ်ဖိစီးမှုနည်းပါတယ်။ စိတ်ရှုပ်ထွေးမှု ဖြစ်ပေါ်နိုင်ခြေနည်းပါတယ်။

၎ - အကျင့်ကောင်း

အခန်းကို သန့်သန့်ရှင်းရှင်းနေရာကနေ ဘယ်အရာမဆို သန့်သန့်ရှင်းရှင်းနေတတ်တဲ့ အကျင့်ကို ရစေပါတယ်။

play

 

၅ - အိပ်စက်မှု

သင့်ကိုယ်ပိုင်အိပ်ခန်းသန့်ရှင်းမှုရှိတာဟာ သင့်အိပ်စက်မှုကိုလည်း အထောက်အကူဖြစ်ပါတယ်။ စိတ်ကြည်လင်ပြီး အိပ်ရေးဝဝအိပ်ရပါတယ်။

Photos & Source: Yahoo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ