Lifestyle: အိပ်ရင်တောင် မျက်လုံးမပိတ်နိုင်တဲ့ ကြောင်မျက်ပြူးလေး

အင်စတာဂရမ်မှာ နာမည်အလွန်ကြီးနေတဲ့ ကြောင်လေးပါ။

play

 

ဟာမန်လို့ခေါ်တဲ့ ၅ လသားအရွယ်ကြောင်လေးဟာ ကြီးမားလုံးဝန်းတဲ့ မျက်လုံးကြီးတွေရှိပြီး အိပ်ရင်တောင် သူ့ရဲ့မျက်လုံးကြီးတွေကို မပိတ်နိုင်ပါဘူး။

play
အင်စတာဂရမ်မှာ နာမည်ကြီးတဲ့ စိတ်တိုတတ်တဲ့ ကြောင်လေး

 

ချစ်စရာကောင်းလှတဲ့ ကြောင်လေးဟာမန်ဟာ အင်စတာဂရမ်မှာ Follower ထောင်နဲ့ ချီရှိပြီး နာမည်အရမ်းကြီးနေတဲ့ စိတ်တိုတတ်တဲ့ ကြောင်ကြီး ထက်တောင် စိတ်ဝင်စားသူ များပြားနေပါတယ်။

play

 

"ဟာမန်ဟာ ထူးခြားတဲ့ မျက်လုံးကြီးတွေနဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်ကြောင့် ထူးခြားတဲ့ ကြောင်လေးဖြစ်ပါတယ်" လို့ ဟာမန်ရဲ့သခင် အသက် ၂၆ နှစ်အရွယ် ချာလေးနော်ဒန်စကီအိုက ပြောပါတယ်။

ဟာမန်လေး ငယ်ငယ်က အသက်ရှင်ဖို့ အတော်ကြိုးပမ်းခဲ့ရပြီး အစာမစားနိုင်လို့ လက်နဲ့ကိုင်ပြီး ကျွေးခဲ့ရတယ်လို့ ဆိုပါတယ်။

play

 

ဟာမန်ဟာ တခြားကြောင်လေးတွေလိုပဲ ခြေစွတ်တွေနဲ့ ကစားရတာ ကြိုက်သူ ဖြစ်ပါတယ်။ အိပ်တဲ့အချိန်မှာလည်း ဟောက်တတ်ပြီး လူအနားမှာ အမြဲနေချင်သူပါ။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ