Lifestyle: ဖုန်းမှားပြီး အကူအညီတောင်းခံရပေမဲ့ ကူညီဖို့ အရောက်သွားခဲ့သူ

နှလုံးသားနူးညံ့သူတွေလည်း ဒီကမ္ဘာကြီးမှာ ရှိပါသေးတယ်။

play

 

အဘွားအိုတစ်ဦးဟာ လဲကျသွားတဲ့အတွက် အိမ်သားတစ်ယောက်ကို ဖုန်းခေါ်လိုက်တာ လူစိမ်းတစ်ဦးဆီ ဖုန်းမှားဝင်သွားတာဖြစ်ပေမဲ့ ထိုသူက အမြန်လာရောက်ကူညီခဲ့ပါတယ်။

Stratstone BMW က ကားအရောင်းမန်နေဂျာ ဒန်ဗွန်းဆိုသူဟာ ခါတိုင်းလိုပဲ မနက်ပိုင်း ရုံးမှာ အလုပ်လုပ်နေရင်းက ဘေးအန္တရာယ်ကျရောက်နေတဲ့ အဘွားအိုတစ်ဦးဆီက ဖုန်းကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

ယင်းအဘွားအိုဟာ ရေချိုးနေတုန်း ချော်လဲသွားတဲ့အတွက် သူ့ရဲ့သမီးဆီ ဖုန်းဆက်ရာမှာ ဖုန်းမှားပြီး ဝင်သွားတာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဒန်ဟာ သူ့ဆီ ဖုန်းဆက်တာမဟုတ်ပေမဲ့လည်း အဘွားအိုကို ကူညီဖို့ တွေဝေနေခြင်းမရှိခဲ့ပါဘူး။

"သူက ရုံးက ကြိုးဖုန်းကို ခေါ်လိုက်တာ ဧည့်ကြိုဆီကို ရောက်သွားတာ။ သူက ဘာလုပ်ရမလဲလို့ ကျွန်တော့်ကိုမေးတယ်။ သူဘယ်လိုနေလဲ သွားကြည့်မယ်လို့ ကျွန်တော် ပြောလိုက်တယ်။ အစကတော့ သူ့ကို လမ်းတစ်ဖက်ခြမ်းမှာပဲ နေတယ်လို့ ထင်တာ။ နောက်မှ သူက နှစ်မိုင်အကွာလောက်မျာနေတာ သိလိုက်ရတယ်။ ဧည့်ကြိုက သူ့ကို ဖုန်းမချဘဲ ဆက်စကားပြောနေချိန်မှာ အဲဒီနေရာကို ကျွန်တော် ကားနဲ့အရောက်သွားတယ်" လို့ ဒန်က ပြောပြခဲ့ပါတယ်။

ဒန်ရောက်သွားချိန်မှာတော့ စေ့ထားတဲ့တံခါးကို ဖွင့်ပြီး အိမ်ထဲဝင်လိုက်ပြီးတဲ့နောက် မျက်နှာမှာ သွေးတွေရဲနေတဲ့ သူမကို တွေ့လိုက်ရတာ ဖြစ်ပါတယ်။ ဒန်ဟာ မိသားစုတွေ ရောက်လာတဲ့အထိ အဘွားအိုကို သေချာဂရုစိုက်ပေးခဲ့ပါတယ်။

ဒန်သာ ရောက်မလာခဲ့ရင် အိမ်သားတွေ ရောက်တဲ့အထိ နောက်ထပ် ၂ နာရီလောက် စောင့်ရဦးမျာလို့ ဒန် ကယ်ခဲ့တဲ့ ဆာရာတွီဒီဆိုတဲ့ အမျိုးသမီးကြီးက ပြောပြခဲ့ပါတယ်။

"ကျေးဇူးတင်တယ်ဆိုတဲ့ စကားနဲ့တင် မလုံလောက်ပါဘူး" လို့ ဆာရာက ပြောခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ