Lifestyle: အနှိပ်စက်အညှင်းပန်းခံခဲ့ရတဲ့ ဆီးရီးယားလိင်ကျေးကျွန်မလေးများရဲ့ ငရဲဘုံ

အဲဒီငရဲခန်းကို ၉ လကြာ ရောက်ရှိခဲ့သူတစ်ဦးက ပြောပြခဲ့တာ ဖြစ်ပါတယ်။

 

ဆီးရီးယားအမျိုးသမီး လိင်ကျေးကျွန်တွေက လက်ဝါးကပ်တိုင်လို ဆင်ထားတဲ့ စားပွဲတစ်လုံးပေါ်မှာ နှိပ်စက် ရိုက်နှက်ခံရပြီး တစ်ရက်ကို ပျမ်းမျှ ၁၀ ကြိမ် အဓမ္မကျင့်ခံရတယ်လို့ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပြခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဆီးရီးယားအမျိုးသမီးတစ်ဦးက ဆီးရီးယားကနေ လက်ဘနွန်ကို ဖြားယောင်းခေါ်ဆောင်သွားခံရပြီးတဲ့နောက် ဖြစ်ပျက်ခဲ့တဲ့ ကြမ္မာဆိုးကြီးကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

စစ်ပွဲကြောင့် ပျက်စီးနေတဲ့ သူမရဲ့ နိုင်ငံကနေ ထွက်ခွာပြီး လက်ဘနွန်က စားသောက်ဆိုင်မှာ အလုပ်လုပ်ရင် ပေါင် ၇၀၀ ရမယ်သလို့ အမျိုးသားတစ်ဦးက သူမကို ဖြားယောင်းခဲ့တာ ဖြစ်ပါတယ်။

 

မတ်လတုန်းက ဆောင်ကြာမြိုင်နှစ်ခုကနေ လွတ်မြောက်ခဲ့တဲ့ ဆီးရီးယားအမျိုးသမီး ၇၅ ဦးထဲမှာ သူမလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီဆောင်ကြာမြိုင် ၂ ခုဟာ လက်ဘနွန်မှာရှိတဲ့ အကြီးဆုံး လိင်ကုန်ကူးမှုကွင်းဆက်ကြီးရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

"အလုပ်လုပ်တဲ့နေရာမှာပဲ အိပ်ရတယ်။ အပြင်လည်း ထွက်လို့မရဘူး။ အပြင်က အလင်းရောင်ကိုတောင် မမြင်ရပါဘူး" လို့ ရမ်မာက ပြောပြခဲ့ပါတယ်။

 

ဖောက်သည်တွေနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခဲ့ရပြီးတဲ့နောက် ရရှိလာတဲ့ ကိုယ်ဝန်တွေကိုလည်း ဖျက်ချဖို့ ဖိအားပေးခံရပုံကိုလည်း သူမက ရှင်းပြခဲ့ပါတယ်။

"ပြတင်းပေါက်တွေကို အမည်းရောင်ခြယ်ထားတယ်။ အလင်းရောင်ကို မမြင်ရသလို အပြင်လေကိုလည်း မရှူရှိုက်ရဘူး။ ကျွန်မတို့ကို ကျွန်လို ခံစားရအောင်လုပ်တာတင် မကပါဘူး။ ကျွန်မတို့က တကယ့် ကျွန်တွေ ဖြစ်ခဲ့တာပါ" လို့ သူမက ဝမ်းနည်းစွာ ဆိုပါတယ်။

"ကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်မလုပ်ရမယ်လို့ပြောတယ်။ ပြီးရင် ရိုက်တယ်။ ကျွန်မ လုပ်ပါ့မယ်လို့ မပြောမချင်းကို ရိုက်တာ" လို့ ရမ်မာက ဆိုခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ