Lifestyle: ရယ်မောပျော်ရွှင်စေဖို့

, updated

Duwun ပရိသတ်တွေအတွက် ဘဝအမောပြေစရာ ဟာသလေးများ ဖြစ်ပါတယ်။

play

 

အဆိပ်နဲ့သေနတ်

ပထမလူ - ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းခန်းမှာ ဇာတ်ဆောင်မင်းသားကို အဆိပ်ကျွေးသတ်ထားတယ်။ တကယ်လို့ ကျွန်တော်သာ ဒါရိုက်တာဆိုရင် သေနတ်နဲ့ ပစ်သတ်မယ်ဗျာ။
ဒုတိယလူ - ဘာဖြစ်လို့ ပစ်သတ်ချင်ရတာလဲ ... မုန်းလွန်းလို့လား။
ပထမလူ - ဟင့်အင်း ... ရုပ်ရှင်လာကြည့်သူတွေ နိုးသွားအောင်လို့ပါ။

ဝမ်းသာစရာနဲ့ ဝမ်းနည်းစရာ

ဆရာဝန် - လူနာရှင်ဖြစ်တဲ့ ခင်ဗျားကို ဝမ်းသာစရာ စကားနဲ့ ဝမ်းနည်းစရာ စကား ပြောစရာရှိပါတယ်။
လူနာရှင် - ဟုတ်ကဲ့ ပြောပါဆရာ။
ဆရာဝန် - ဝမ်းသာစရာကတော့ ခင်ဗျားမိန်းမအဆုတ်ထဲက အကြိတ်လုံးကို အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့ပါတယ်။ ဝမ်းနည်းစရာကတော့ အဲဒီအကြောင်းကို ခင်ဗျားမိန်းမ သိမသွားခဲ့ပါဘူး။

ဖယ်ထားပါ

မိန်းကလေး - သဲကိုချစ်ရင် ဆေးလိပ်ဖြတ်လိုက်ပါလား ကိုကိုရယ်။
ယောက်ျားလေး - ဒါတော့ မဖြစ်ဘူး သဲရယ်။ တခြားဟာတစ်ခု ပြောင်းပြီး တောင်းဆိုကြည့်ပါလား။
မိန်းကလေး - ဒါဆိုလည်း သဲကိုနမ်းတဲ့အခါ ပါးစမ်မှာခဲထားတဲ့ ဆေးလိပ်ကို ခဏလောဖယ်ထားပါနော်။

play

နေရာလုတာလား

အိမ်ဖော်ကောင်မလေးကို အိမ်ရှင်အမျိုးသမီးက ပြောသည်။
အိမ်ရှင် - ဟဲ့ကောင်မလေး ... မနက်က ညဉ်းကို နွားနို့လာပို့တဲ့ကောင်းလေး နမ်းလိုက်တာ ငါမြင်တယ်။ ဒီတော့ မနက်ဖြန်ကစပြီး နွားနို့ကို ငါကိုယ်တိုင်ထွက်ယူမယ်။ ညဉ်းယူစရာမလိုတော့ဘူး။
အိမ်ဖော် - ဟုတ်ကဲ့ပါအန်တီ။ ဒါပေမဲ့ ကျွန်မ တစ်ခုပြောပါရစေ။ အဲဒီကောင်လေးက ကျွန်မကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ဘူးလို့တော့ ပြောထားပါတယ်။

ဆုံးဖြတ်ချက်

ပထမလူ - ကျုပ်တို့ဆရာက ဆုံးဖြတ်ချက်တစ်ခုကို မချခင်မှာ အကြောင်းအရာတစ်ရပ်အပေါ် သေသေချာချာ ဂရုတစိုက်နဲ့ ဝေဖန်သုံးသပ်ပြီးတော့မှ စဉ်းစားလေ့ရှိတယ်ဗျ။
ဒုတိယလူ - တယ်ဟုတ်ပါလား။ ဒါကြောင့်လည်း ဆုံးဖြတ်ချက်မမှားတာပေါ့။
ပထမလူ - အင်း ... နောက်ဆုံး ယတိပြတ် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချတော့မယ်ဆိုမှ ခေါင်းပန်းလှန်ပြီး အဖြေထုတ်လိုက်တယ်လေ။

အလှစစ်

ပထမလူ - ဒီကောင်ယူမယ့် မိန်းမက အတော်လှတာကွ။
ဒုတိယလူ - ဟေ့ကောင် ... လှတယ်ဆိုတာ အရေပြားပေါ်မှာပဲရှိတာပါကွာ။
ပထမလူ - ဟေ ဒါဖြင့် ငါတို့မိန်းမတွေယူတဲ့အခါ အရေပြားခွာကြည့်ရမှာလား။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ