AD
AD
AD
play

 

အမေရိကန်ပြည်ထောင်စု၊ မစ္စစ္စပီပြည်နယ်မှာရှိတဲ့ ကျောချမ်းစရာ အိမ်ကြီးရဲ့ အတွင်းပိုင်းအထိ သွားရောက်ဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။

play

 

Hoarder House လို့ ဒေသခံတွေကအမည်ပေးထားတဲ့ အိမ်ကြီးကို စွန့်ပစ်ထားတာ နှစ်ပေါင်း ၃၀ နီးပါး ရှိပါပြီ။

ဘာကြောင့် ဒီအိမ်ကြီးကို စွန့်ပစ်ထားခဲ့တယ်ဆိုတာ မသိရပေမဲ့ ၁၉၄၀ ပြည့်နှစ်ကစလို့ အိမ်ကြီးရဲ့ပိုင်ရှင်က တစ်ဦးတည်းပါပဲ။

play

 

ဓာတ်ပုံဆရာ ဘူးလက်ဟာ ဒီအိမ်ကြီးကို ဓာတ်ပုံရိုက်ဖို့အတွက် ဖလော်ရီဒါကနေ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

play

 

"ဘာတွေဖြစ်ခဲ့လဲတော့ မသိဘူး။ တွေ့ရတဲ့ စာရွက်စာတမ်းတွေကို စုစည်းလိုက်ရင်တော့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာလိမ့်မယ်။ ကွာရှင်းတဲ့ကိစ္စ၊ အိမ်ထောင်ရေးကိစ္စ စာရွက်စာတမ်းတွေနဲ့ နာမည်ကျော် သရုပ်ဆောင်တွေ လာနေဖို့ ဖိတ်ခေါ်စာတွေ တွေ့ရတယ်။ ပိုင်ရှင်က ချက်ချင်းထပြေးခဲ့ရပုံပဲ" လို့ ဓာတ်ပုံဆရာက ဆိုပါတယ်။

play

 

ဓာတ်ပုံဆရာ ဘူးလက်ဟာ စွန့်ပစ်အိမ်တွေကို လေ့လာနေတာ ၇ နှစ်ရှိပြီ ဖြစ်ပေမဲ့ ဒီအိမ်ကြီးကတော့ အတော်လေး ကြောက်စရာကောင်းတယ်လို့ ဆိုပါတယ်။

"ခေါင်းပေါ်က မျက်နှာကျက်က ရွေ့နေပြီး ခေါင်းပေါ်ပြုတ်ကျမလို ခံစားရတဲ့အတွက် ကြောက်မိတယ်" လို့ သူက ပြောခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD