Lifestyle: မိခင်ကို အိမ်ဝယ်ပေးဖို့ မုန့်ဆိုင်ဖွင့်တဲ့ ၈ နှစ်သားလေး

သူ့ရဲ့လုပ်ငန်းက တော်တော်လေး အောင်မြင်နေပါပြီ။

play

 

ကယ်လီဖိုးနီးယားပြည်နယ်က နေထိုင်တဲ့ သားအမိနှစ်ယောက်ဟာ အခု လောလောဆယ်မှာတော့ အငှားအိမ်လေးနဲ့ နေနေရပါတယ်။

၈ နှစ်အရွယ် ဂျယ်လန်ဘီလေးဟာ ကိုယ်ပိုင်အိမ်လေးတစ်လုံး လိုချင်တဲ့အတွက် ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကို စတင်နေပါပြီ။

"အိမ်ဝယ်ဖို့အတွက် ငွေတွေအများကြီးစုချင်တယ်" လို့ ဂျယ်လန်က ဆိုခဲ့ပါတယ်။အိမ်မှာ မုန့်ဖုတ်ရင်း ဂျယ်လန်ကို ကူညီနေတဲ့ မိခင်ကတော့  သားရဲ့ စိတ်အားထက်သန်မှု အတွက် ကျေနပ်ပီတိဖြစ်နေရှာပါတယ်။

play

 

ဂျယ်လန်ဟာ Jalen's Bakery ဆိုတဲ့ နာမည်နဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တစ်ခု ဖွင့်ထားပြီး သူ့ရဲ့ ဆိုင်မှာ ကွတ်ကီးတွေ၊ ပေါင်မုန့်ဝိုင်းတွေ၊ ကိတ်မုန့်တွေနဲ့ ပေါင်မုန့်တွေကို ရောင်းချပြီး ဖောက်သည်တော်တော်များများလည်း ရနေပါပြီ။

မုန့်ဖုတ်တာ တော်တဲ့ ဂျယ်လန်ဟာ မုန့်ဖုတ်နည်းသင်တန်းကိုလည်း တင်ရောက် သင်ယူထားပြီးဖြစ်ပြီး သူ့ကို သနားတဲ့ လူတစ်ဦးက မုန့်ဖိုတစ်ခု လက်ဆောင်ပေးထားပါတယ်။

ဖောက်သည်တွေ ပိုပိုရလာတဲ့ ဂျယ်လန်မှာ နောက်ထပ် အိပ်မက်တစ်ခုလည်း ရှိနေပြီး အဲဒါကတော့ မီလျံနာတစ်ဦးဖြစ်ဖို့ပါပဲ။

"ကျွန်တော် မီလျံနာ ဖြစ်ချင်ခဲ့တယ်။ အဲဒါကို မဖြစ်နိုင်ဘူးလို့လည်း ထင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဖြစ်နိုင်တယ်လို့ ထင်တယ်"လို့ သူက ပြောပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ