Lifestyle: နှစ်ယောက်ပေါင်းတောင် ၆ ပေ မပြည့်တဲ့ ကမ္ဘာ့အရပ်ပုဆုံးစုံတွဲ ဂင်းနစ်စံချိန်ရဖို့နီးစပ်လာ

ချစ်ခြင်းတရားက မပြည့်စုံခြင်းတွေကိုတောင် ပြီးပြည့်စုံစေပါလိမ့်မယ်။

play

 

အသက် ၃၀ အရွယ်ရောက်နေပေမယ့် အရပ် ၃၄.၈ လက်မသာရှိတဲ့ ပါလို ဂတ်ဘရီရယ် ဒါ ဆေးလ်ဗား ဘားရော့စ်ဟာ ကောင်မလေးတစ်ဦးကို သူငယ်ချင်းတွေရှေ့မှာ လက်ထပ်ခွင့်တောင်းခံလိုက်ပါတယ်။ ကာယုစီယာ ဟိုရှိနိုကလည်း အသက်၂၆ နှစ်မှာ ၃၅.၂ လက်မသာရှိတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားသူလေးပါ။

play

 

ခုတော့ သူတို့နှစ်ဦးလက်ထပ်ကြပါတော့မယ်။

play

 

သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက အတူနေထိုင်လာခဲ့ကြတာပါ။ နှစ်ယောက်ရဲ့အရပ်တွေကို ပေါင်းလိုက်ရင် ၅ ပေနဲ့ ၁၀ လက်မသာရှိလို့ ကမ္ဘာ့အရပ်ပုဆုံးစုံတွဲရယ်လို့ လူသိများပါတယ်။

play

 

သူတို့နှစ်ဦးလက်ထပ်ပြီးသွားရင်တာ့ ကမ္ဘာ့အရပ်ပုဆုံးစုံတွဲအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်ကိုရရှိဖို့ နှစ်ဦးလုံးက မျှော်လင့်ထားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ