Lifestyle: ရိုလာကိုစတာ စီးမရလို့ စိတ်နာပြီး ဝိတ်ချလိုက်လို့ ၁၈၂ ပေါင်ကျသွားတဲ့ အမျိုးသမီး

အရှက်တရားက သူမအတွက် တွန်းအားဖြစ်ခဲ့ပါတယ်။

play

 

ကိုယ်အလေးချိန် ကျဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေနဲ့ အစာစားချင်စိတ်ကို ချိုးနှိမ်ရဖို့ဆိုတာ ကြီးမားတဲ့ တွန်းအားတစ်ခု လိုပါတယ်။

play

 

အခုလည်း ကလေးတစ်ယောက်မိခင်ဟာ သူမရဲ့ကြီမားတဲ့ ခန္ဓာကိုယ်ကြောင့် ရိုလာကိုစတာစီးခွင့် မပေးနိုင်ဘူးလို့ အပြောခံရပြီးတဲ့နောက် ဝိတ်ချလိုက်တာ ခန္ဓာကိုယ် တစ်ဝက် ကျသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က ကာရိုလင်းမက်ဒိုနယ်ဟာ ဖလော်ရီဒါက Universal Studios အပန်းဖြေဥယျာဉ်ကို အပန်းဖြေဖု့ ထွက်ခဲ့ပါတယ်။

play

 

ရိုလာကိုစတာစီးဖို့ ကြိုးစားပေမဲ့ ထိုင်ခုံရဲ့ လုံခြုံရေးတန်းက သူမရဲ့ဆိုဒ်နဲ့ မတော်ဘဲ ဖြစ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ အရှက်ကွဲသွားသလို ခံစားမိခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၂၆ နှစ်ကစလို့ တဖြည်းဖြည်း တက်လာတဲ့ ကိုယ်အလေးချိန်ကို ချဖို့အတွက် သရေစာတွေ မစားတော့ဘဲ အစာစားတဲ့ ပမာဏကိုလည်း လျှော့ချခဲ့ရပါတယ်။

သူမဟာ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုပဲ စားလာခဲ့တာ ၄ နှစ်အတွင်း သူမရဲ့ ကိုယ်အလေးချိန်က တစ်ဝက်နီးနီးကျသွားခဲ့တာ ဖြစ်ပါတယ်။

play

 

"ကျွန်မဘဝကြီး လုံးဝပြောင်းလဲသွားတယ်။ အခု ကိုယ့်ကိုကိုယ် ပိုပြီး ယုံကြည်မှုရှိလာသလို အရင်ထက်လည်း ကျန်းမာရေးကောင်းလာတယ်" လို့ သူမက ဆိုပါတယ်။

ကာရိုလင်းဟာ ဖလော်ရီဒါက အပန်းဖြေဥယျာဉ်ကိုလည်း ပြန်သွားခဲ့ပြီး ရိုလာကိုစတာ စီးခဲ့ပါသေးတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ