Lifestyle: ကလေးတစ်ယောက်လို ခံစားမှုတွေဖြစ်စေတဲ့ ခုံတန်းလျားကြီးများ

ခရစ်ဟာ အီတလီရွာလေးမှာ အေးအေးလူလူ နေထိုင်ရင်း လူတိုင်းအတွက် ခံစားမှုရသ ပေးစွမ်းနိုင်မယ့် အရာတစ်ခုခုကို ဖန်တီးချင်မိခဲ့ပါတယ်။

play


အမေရိကန်မှာမွေးဖွားခဲ့တဲ့ ခရစ်ဘန်ဂလီက ဂျာမနီနိုင်ငံမှ အီတလီနိုင်ငံရှိ ကျေးရွာငယ်လေးတစ်ရွာကို ၂၀၀၉ ခုနှစ်မှာ ပြောင်းရွှေ့နေထိုင်ခဲ့သူပါ။

play


သူက BMW မော်တော်ကားကုမ္ပဏီရဲ့ ဒီဇိုင်းအကြီးအကဲအဖြစ် ၁၇ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီးနောက် အနားယူခဲ့သူလည်း ဖြစ်ပါတယ်။

play


ခရစ်ဟာ အီတလီရွာလေးမှာ အေးအေးလူလူ နေထိုင်ရင်း လူတိုင်းအတွက် ခံစားမှုရသ ပေးစွမ်းနိုင်မယ့် အရာတစ်ခုခုကို ဖန်တီးချင်မိခဲ့ပါတယ်။

  play


နောက်ဆုံးမှာတော့ ခရစ်က သူ့ရဲ့ဇနီးနဲ့အတူ ထူးခြားတဲ့ ခုံတန်းလျား ဖန်တီးမှုကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ခရစ်တို့ဇနီးမောင်နှံ ဖန်တီးတည်ဆောက်ထားတဲ့ ခုံတန်းလျားက သာမန် ပန်းခြံထဲက ခုံတန်းလျားတွေထက် အလွန်ကြီးမားနေတဲ့ ခုံတန်းလျားဖြစ်ပါတယ်။

play


ခရစ်တို့စုံတွဲက Big Bench Community Project လို့ အမည်ပေးထားတဲ့ အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ကြပါတယ်။ ခရစ် ဖန်တီးထားတဲ့ အလွန်ကြီးမားတဲ့ ခုံတန်းလျားကြီးတွေက အရွယ်ရောက်ပြီးသူ လူကြီးတွေကို ကလေးသဖွယ် ပြန်ခံစားရနိုင်စေမယ်လို့ ဆိုထားပါတယ်။

play


ကြီးမားလှတဲ့ ခုံတန်းလျားကြီးပေါ်မှာထိုင်ရင်း ပတ်ဝန်းကျင်းရှုခင်းကို ကြည့်ရှုကာ ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားရနိုင်တယ်လို့ ခရစ်က ပြောပါတယ်။

play


ခရစ်က ကြီးမားတဲ့ ခုံတန်းလျားကြီးတွေကို အရောင်းအမျိုးမျိုး ခြယ်သထားပြီး အများပြည်သူ နားနေရာနေရာနဲ့ ရှုခင်းကောင်းတွေ ကြည့်ရှုနိုင်တဲ့ နေရာတွေမှာ တည်ဆောက်ပေးထားပါတယ်။

play


အခုဆိုရင် ခရစ် ဖန်တီးတည်ဆောက်ထားတဲ့ ခုံတန်းလျားကြီးတွေ စုစုပေါင်း ၁၉ ခု ရှိနေပြီလို့ ဆိုပါတယ်။

play


Source & Photo: MariaGrazia Moncada, Big Bench Community Project

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ