Lifestyle: ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးချစ်သင့်တဲ့ အကြောင်းရင်း (၄) ခု

ကိုယ့်ကိုယ်ကိုယ်ချစ်မှု၊ ကိုယ့်ကိုယ်ကိုယ်လေးစားမှုဟာ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။

play

 

၁ - ကိုယ်ပိုင်ပုံစံ

ဘဝကို ကျေနပ်ဖို့အတွက် အခြားလူတွေအပေါ် မှီခိုနေရတာဟာ အလွန်အန္တရာယ်များပါတယ်။ အခြားလူတွေဆီက အချစ်တွေ၊ သဘောကျမှုတွေ ရနေတုန်းကတော့ လွယ်လွယ်လေးပါ။ ဒါပေမဲ့ ဒီအရာတွေကို သူတို့က ပြန်ရုတ်သိမ်းလိုက်တဲ့အချိန်မှာတော့ သင့်ကိုယ်သင်လေးစားမှု၊ ယုံကြည်မှုတွေပါ ပြိုပျက်သွားပါလိမ့်မယ်။ အခြားလူတွေထက် ကိုယ့်ကိုယ်ကိုယ်အရင်ချစ်ပြီး ကိုယ်ပိုင်ပုံစံကို အရင်တည်ဆောက်ရမှာ ဖြစ်ပါတယ်။

play

 

၂ - အတ္တကြီးတာ မဟုတ်

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာဟာ အတ္တကြီးတဲ့လုပ်ရပ် မဟုတ်ပါဘူး။ သင့်ရဲ့လိုအပ်ချက်တွေ အရင်ဆုံးမဖြည့်ဆည်းဘူးဆိုရင် သင့်ဘေးနားကလူတွေကိုလည်း အမြဲတမ်းမကျေမချမ်းဖြစ်နေပါလိမ့်မယ်။ သင်ပျော်မှ တခြားလူတွေလည်း ပျော်မှာပါ။

၃ - ရင်ဆိုင်နိုင်တယ်

သင်သဘောမတူဘဲ ဘယ်သူမှ သင့်ကို နိမ့်ကျတယ်လို့ထင်အောင် လုပ်လို့ မရပါဘူး။ သင့်ကို သိမ်ငယ်တယ်လို့ ခံစားရအောင် လုပ်မယ့် လူတွေ အမြောက်အများကြုံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်မှာ ရွေးစရာရှိပါတယ်။ သူတို့စကားတွေကို ခံစားမလား၊ စွန့်ပစ်မလား ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကိုယ်သာ ချစ်ပြီး ယုံကြည်မှုရှိရင် ဒီလိုလူတွေကို ကောင်းကောင်းရင်ဆိုင်နိုင်ပါတယ်။

play

 

၎ - လုပ်ရပ်

ကိုယ့်ကိုယ်ကိုယ်ချစ်မှု၊ ကိုယ့်ကိုယ်ကိုယ်လေးစားမှုဟာ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ကိုယ်ဘာတွေလုပ်ချင်တယ်၊ ဘာတွေဖြစ်ချင်တယ်ဆိုတာကို သိပြီး ဒီလိုလုပ်ရပ်တွေကိုပဲ ရွေးချယ်လုပ်ဖြစ်ပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ