Lifestyle: ကမ္ဘာ့အိမ်ခြံမြေဈေးကွက်ထဲက ဈေးအကြီးဆုံး အိမ် (၃) လုံး

အမြင့်ဆုံးဈေးက ဒေါ်လာ သန်း ၅၀၀ ပါ။

play

 

1 - The Nile Niami Bel Air Spec

ခေါ်ဈေး ဒေါ်လာ သန်းငါးရာပါ။ ဟောလီးဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေးသမားကနေ ဆောက်လုပ်ရေးသမားအဖြစ်ပြောင်းသွားတဲ့ နိုင်းနိုင်ရာမီက အိမ်ကို တည်ဆောက်နေတာဖြစ်ပြီး ၂၀၁၇ မှ အိမ်ကပြီးမှာပါ။ လော့အိန်ဂျလိစ်က ဘီဗာလေတောင်ကုန်းနားမှာ တည်ရှိတဲ့ ဒီအိမ်ရဲ့အိမ်နီးချင်းတွေဟာ  ဂျနီဖာအင်နစ္စတန်အပါအဝင် နာမည်ကြီးတွေဖြစ်ပါတယ်။ အကျယ်ကတော့ အိမ်ဖြူတော်ရဲ့ နှစ်ဆလောက်ရှိပါတယ်။

2 - Le Palais Bulles

play

 

ဈေးက ၄၅၅ သန်းပါ။ ပြင်သစ်နိုင်ငံတောင်ပိုင်းက Cote d"Azur ကမ်းရိုးတန်းမှာ တည်ရှိတဲ့ အဆိုပါအိမ်ရဲ့ ခြံဝန်းဟာ စတုန်ရန်းပေ ၁၂၀၀ ဖြစ်ပါတယ်။ ရုပ်ရှင်စတားတွေအပါအဝင် နာမည်ကြီးတွေ အဝင်အထွက်အမြဲရှိတဲ့ အိမ်ဖြစ်ပြီး ပိုင်ရှင်ကတော့ အီတလီဖက်ရှင်ဒီဇိုင်နာ ပီယာကာဒင်ပါ။

 3 - Tour de Odeon

play

 

တတိယမြောက်ဈေးအကြီးဆုံးကတော့ penthouse တစ်လုံးဖြစ်ပါတယ်။ မိုနာကိုမှာတည်ရှိပြီး ဈေးနှုန်းကတော့ ဒေါ်လာ သန်း ၃၃၀ ပါ။ ပေ ၅၆၀ မြင့်တဲ့  Tour Odéon တာဝါအပေါ်ဆုံးမှာ ရှိပါတယ်။ သူ့ရဲ့ ရေကူးကန်က အများနဲ့ မတူတဲ့ပုံစံရှိပြီး အကြီးကြီးဖြစ်ပါတယ်။ ငါးလွှာရှိတဲ့ penthouse တစ်လုံးဖြစ်ပြီး စူပါသန်းကြွယ်သူဌေးတွေပဲ အနားကပ်နိုင်တဲ့ အပန်းဖြေနေရာပါပဲ။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ