Lifestyle: အလုပ်ပြောင်းသင့်ပြီလို့ ပြောနေတဲ့ အချိန် (၆) ချိန်

ဒီအချက်တွေကို ကြုံနေရပြီဆိုရင် သင်အလုပ်ပြောင်းဖို့ စဉ်းစားသင့်ပါပြီ။

play

 

လူတိုင်းဟာ ကိုယ်နဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေနောက်ကို အမြဲတမ်း လိုက်နေခွင့်ရှိပါတယ်။ ဒီအလုပ်မှာ ငါဆက်လုပ်နေသင့်လား၊ နောက်ထပ် အလုပ်သစ်ပြောင်းသင့်သလားဆိုတာ ဝန်ထမ်းတိုင်း တစ်ချိန်မဟုတ်တစ်ချိန် တွေးတတ်ကြတဲ့ အတွေးဖြစ်ပါတယ်။

ဒီအချက်တွေ ကြုံနေရပြီဆိုရင်တော့ သင်ဟာ အလုပ်မြန်မြန်ပြောင်းသင့်တဲ့သူ ဖြစ်နေပါပြီ။

၁။ တိုးတက်မှု မရှိခြင်း

play

 

သင်က အလုပ်ကို ပုံမှန် ဒါမှမဟုတ် ကြိုးကြိုးစားစား လုပ်နေသည့်တိုင် လွန်ခဲ့တဲ့ သုံးနှစ်အတွင်း တိုးတက်မှု မရှိဘူးဆိုရင် နောက်ထပ် အလုပ်သစ်အတွက် စဉ်းစားသင့်ပါတယ်။ ငွေကြေး၊ ရာထူး တိုးတက်မှု မရှိဘူးဆိုရင် အလုပ်ပြောင်းဖို့ စဉ်းစားသင့်ပါပြီ။

၂။ တုန့်ပြန်မှု မရခြင်း

သင့်ရဲ့ လုပ်ရည်ကိုင်ရည်အပေါ် အထက်လူကြီးက အကောင်းအဆိုး၊ ဘာမှမပြောပဲ တုန့်ပြန်မှု မရှိကြာပြီဆိုရင် ပြန်စဉ်းစားသင့်ပါတယ်။ သင့်အလုပ်ကို ကူညီထောက်ပံ့ပေးဖို့ အကြံဥာဏ်တွေ ပေးတာမျိုး မရှိရင်လည်း ဒါဟာ စဉ်းစားရမယ့် အချိန်ပါပဲ။

၃။ စိန်ခေါ်မှု မရှိခြင်း

play

 

သင့်ရဲ့ အလုပ်ဟာ ပျင်းရိဖွယ် ကောင်းလောက်အောင် စိန်ခေါ်မှု မရှိတော့ခြင်း၊ လေ့လာစရာတွေ မရှိတော့ခြင်း ဖြစ်လာရင်လည်း အလုပ်ပြောင်းဖို့ကို စဉ်းစားသင့်ပါတယ်။

၎။ ကုမ္ပဏီ မတည်ငြိမ်ခြင်း

သင့်ရဲ့ လုပ်ငန်းကို ဦးဆောင်လည်ပန်နေသူတွေက မကြာခဏအပြောင်းအလဲ ဖြစ်နေမယ်၊ ပိုင်ရှင် အပြောင်းအလဲ မကြာခဏ ဖြစ်နေမယ်ဆိုရင်လည်း သင့်အနာဂတ်အတွက် မကောင်းပါဘူး။

၅။ အလုပ်သစ် အခွင့်အရေး ရခြင်း

အခြား လုပ်ငန်းတွေက ဝန်ထမ်းစုဆောင်းသူတွေက သင့်ကို သတိထားမိပြီး ဆက်သွယ်လာမယ်ဆိုရင်လည်း အခွင့်အရေးကို လက်လွှတ် မခံသင့်ပါဘူး။ သင်ဒီအခွင့်အရေး ရတာနဲ့ လက်ရှိအလုပ်ကို ထွက်ရမယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။

၆။ ထွက်သင့်ပြီလို့ ခံစားရခြင်း

play

 

သင့်အနေနဲ့ လက်ရှိအလုပ်က ထွက်သင့်ပြီလို့ ခံစားရလောက်အောင် အခြေအနေကြုံလာရင်လည်း အလုပ်ပြောင်းဖို့ စပြီး စဉ်းစားသင့်ပါတယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ