Lifestyle: တစ်ယောက်တည်းနေတာ ကောင်းတယ်ဆိုတာကို သက်သေပြနေတဲ့ အချက် (၁၀) ချက်

လူတစ်ယောက်ဟာ တစ်ယောက်တည်းသီးသန့်နေချိန်လည်း ရှိသင့်ပါတယ်။

play

 

တစ်ယောက်တည်းနေတာဟာ ပျော်စရာဆိုတာထက် အထီးကျန်တယ်လို့ ထင်ပြီး လူတွေက သဘောမကျကြပါဘူး။ ဒါပေမဲ့ တကယ်နေထိုင်ကြည့်တဲ့အခါ တစ်နေကုန် အလုပ်မှာ ပင်ပန်းသမျှ တစ်ကိုယ်တည်း စိတ်ရှိလက်ရှိ အနားယူရတာ သိပ်ကောင်းတဲ့ ဖီလင်ပါပဲ။

တစ်ယောက်တည်းနေရတာ ကောင်းတယ်လို့ သက်သေပြနေတဲ့ အချက် (၁၀) ချက်ရှိပါတယ်။

play

 

၁။ ကိုယ်တစ်ယောက်တည်း ဖြစ်တဲ့အတွက် ပစ္စည်းတွေ ရှုပ်ပွနေလည်း ဆူမယ့်သူမရှိသလို သူများ ရှုပ်ပွတာကိုလည်း ငြူစူစရာ မလိုတော့ပါဘူး။

၂။ ရည်းစားပဲ ခေါ်ခေါ်၊ သူငယ်ချင်းတွေနဲ့ပဲ ပါတီပေးပေး ဘယ်သူ့ဆီက ခွင့်ပြုချက်မှ တောင်းစရာ မလိုဘူး။

၃။ လေလည်ဖို့အတွက် ရှက်စရာ အားနာစရာ လူမရှိသလို၊ အလေးစွန့်တဲ့အခါ အသံကျယ်သွားမှာ စိုးရိမ်နေစရာမလိုဘဲ စိတ်ရှိလက်ရှိ လွှင့်ထုတ်လိုက်လို့ရပါတယ်။

play

 

၎။ ကြိုက်တဲ့အချိန်အိပ်၊ ကြိုက်တဲ့အချိန်ထလို့ရတယ်။ ညဥ့်နက်သန်းခေါင် အိပ်မပျော်လို့ ဇာတ်ကားထကြည့်လည်း အားနာစရာ လူမရှိပါဘူး။

၅။ ကိုယ့်ပစ္စည်းတွေဟာ ကိုယ့်ထားတဲ့ နေရာမှာပဲ ရှိတယ်။

play

 

၆။ အလုပ်ချိန်တူနေရင် ရေချိုးခန်းဝင်ဖို့ လုရတဲ့ပြဿနာလည်း ကင်းဝေးပါတယ်။

၇။ တစ်ယောက်တည်းနေရတဲ့အရသာကို နှစ်ခြိုက်ပြီး တစ်ယောက်တည်း ရပ်တည်နိုင်တဲ့ စွမ်းအင်တွေလည်း ရလာပါလိမ့်မယ်။

၈။ အရာရာ ကိုယ့်တာဝန်မို့ အိမ်မှာဖြစ်တတ်တဲ့ ပြဿနာတွေဖြစ်တဲ့ မီးလုံးကျွမ်းတာ၊ ရေပိုက်မကောင်းတာ စတဲ့အရာတွေကို စီမံလုပ်ဆောင်နိုင်စွမ်း ရှိသွားပါလိမ့်မယ်။

၉။ အဝတ်အစား ဘယ်လိုဝတ်ဝတ်၊ ဘယ်လိုချွတ်ချွတ် တခြားသူမြင်မှာ စိုးရိမ်နေစရာ မလိုပါဘူး။

play

 

၁၀။ အလုပ်တွေများ၊ စိတ်ပင်ပန်းရတဲ့လောကကြီးမှာ တံခါးကိုပိတ်၊ ရေအားပါးရချိုးပြီး တစ်ယောက်တည်း ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ